Pages

Tuesday, July 9, 2019

ဗစ်တိုးရီးယားအမှုအတွက် ပြည်သူများက တစ်ပတ်အတွင်း ကျပ်သိန်းတစ်ရာကျော်လှူဒါန်း

ဗစ်တိုးရီးယားအမှု အထောက်အကူဖြစ်ရေးနှင့်  ကလေး ငယ် ရေရှည်ဖွံ့ဖြိုးမှုအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဧရာဝတီ ဘဏ် ငွေစာရင်း၌ တစ်ပတ်အတွင်း အလွှာအသီးသီးမှ ပြည်သူများလှူ ဒါန်းငွေ ကျပ်သိန်း ၁၆၀ ကျော် လက်ခံရရှိကြောင်း Victoria’s Finance Team က ယမန်နေ့တွင် ထုတ်ပြန်သည်။ ထုတ်ပြန်သော ဘဏ်စာ ရင်းရှင်းတမ်း၌ တစ်ပတ်အတွင်း လှူဒါန်းသူစုစုပေါင်း ၁၈၂ ဦးရှိပြီး ကျပ်တစ်ထောင်ကစ၍ အများ ဆုံး ကျပ်သုံးသိန်းအထိ အသီးသီး လှူဒါန်းထားကြကြောင်း တွေ့ရ သည်။



မဖွယ်မရာပြုကျင့်ခံရသည့် နေပြည်တော် Wisdom Hill မူကြိုကျောင်းသူ (၃)နှစ်အရွယ် မိန်းကလေးငယ်(ဗစ်တိုးရီးယား) အတွက် ရည်ရွယ်ကာ ဖွင့်လှစ် သည့် ငွေစာရင်းကို အဆိုတော် ကျားပေါက်၏ဇနီး၊ ကလေးကျန်း မာပညာဌာန ကထိက၊ ရတနာ ဆိုင်ပိုင်ရှင်အစရှိသူတို့က  ဦး ဆောင်၍ ဧရာဝတီဘဏ်တွင် ဖွင့် လှစ်ထားသော ငွေစာရင်းမှတစ် ဆင့် အလှူငွေများ ကောက်ခံနေ ခြင်းဖြစ်သည်။

အလှူငွေများကို ဗစ်တိုးရီး ယား၏ မိဘနှစ်ပါး ငွေကြေးဆိုင် ရာ အခက်အခဲမဖြစ်စေရေး၊ အမှု ရင်ဆိုင်ရာတွင် အထောက်အကူ ဖြစ်ရေး၊ ကလေးငယ်ရေရှည်ဖွံ့ ဖြိုးရေးတို့အတွက်  ရည်ရွယ် ကြောင်း Victoria’s Finance Team အဖွဲ့ဝင် ဒေါ်အေးအေးမျိုး ဆက်၏  တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးထားသည်။

ဘဏ်စာအုပ်နှင့် ATMကတ် ကို ဗစ်တိုးရီးယားမိသားစုနှင့်  အနီးကပ်ကူညီဆောင်ရွက်ပေး နေသူ ကိုသက္ကမိုးညိုထံတွင် ထား ရှိမည်ဖြစ်သော်လည်း ငွေထုတ် ယူနိုင်ရန် Finance Team မှ အနည်းဆုံးသုံးဦး၏  သဘောတူ ညီမှုရရန်လိုအပ်သကဲ့သို့ Mobile Banking ဖြင့် ထုတ်ယူမည်ဆို လျှင်လည်း အသုံးပြုသူအမည်နှင့် လျှို့ဝှက်နံပါတ်ကို Finance Team ထံမှသာရယူနိုင်ရန် စီစဉ် ထားသည်ဟု  သတင်းထုတ်ပြန် ချက်တွင် ပါဝင်သည်။

ထို့အတူ ၀င်ငွေ၊ ထွက်ငွေ စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးရန် စီစဉ်မည်ဖြစ်ပြီး သုံးစွဲမှုမှန်သမျှ  ပြေစာ (သို့မဟုတ်) သုံးစွဲသည့်အ ကြောင်းအရာကို ရှင်းလင်းစွာ ဖော်ပြချက်နှင့်တကွ လက်မှတ် နှင့် ခံဝန်ချက်တို့ ရယူနိုင်မည့်စည်း မျဉ်းချမှတ်ထားသည်ဟုဒေါ်အေး အေးမျိုးဆက်က ကြေညာထား သည်။

ဗစ်တိုးရီးယားမိသားစုနှင့်  နီးကပ်စွာကူညီဆောင်ရွက်ပေး နေသူ ကိုသက္ကမိုးညိုက ‘‘အများ ပြည်သူထည့်ထားတဲ့၊ ကူညီပံ့ပိုး တဲ့ငွေတွေကို တစ်ပြားမှ ထုတ်ယူ  သုံးစွဲခြင်းမရှိသေးပါဘူး။ အနီး ကပ်လိုက်ပါဆောင်ရွက်သူများ ဟာလည်း ကိုယ့်စရိတ်နဲ့ကိုယ်  ကူညီနေကြတာပါ။ သုံးစွဲရင် လည်း ပြည်သူတွေကို ပြောပြပြီးမှ  သုံးမှာပါ’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။ ဗစ်တိုးရီးယားအတွက် ပါ ဝင်လှူဒါန်းလိုသောသူများအနေ ဖြင့် WIN KO KO THEIN အမည် ဖြင့်ဖွင့်လှစ်ထားသည့် ဧရာဝတီ ဘဏ် ငွေစာရင်းအမှတ် 000120 1010128890 သို့ လှူဒါန်းနိုင် ကြောင်း Victoria’s Finance Team က ထုတ်ပြန်သည်။

No comments:

Post a Comment