Pages

Saturday, July 13, 2019

ဂျပန်တက်သစ်စကြယ်ပွင့် အာဘေးကို ဘာစီလိုနာခေါ်ယူ

ဂျပန်တက်သစ်စ ကြယ်ပွင့် ဟီရိုကီအာဘေးကို ခေါ်ယူရန် ဘာစီလိုနာကသဘော တူခဲ့သည်ဟု J1 လိဂ်မှ ကာရှီမာ အန်တလားစ်အသင်းက အတည် ပြုသည်။ ကလပ်နှစ်ခုကြား သဘော တူညီပြီးနောက် အာဘေး (၂၀) နှစ်သည် ဆေးစစ်မှုခံယူကာ စာ ချုပ်ချုပ်ဆိုမည်ဖြစ်သည်။ အာ ဘေးအတွက် ဘာကာကယူရိုနှစ် သန်းခန့် ကုန်ကျမည်ဟု သတင်း များက ဖော်ပြသည်။ ‘‘ရာသီမကုန်ခင် ကာရှီမာ က ထွက်ခွာရတာ ခက်ခဲတဲ့ဆုံး ဖြတ်ချက်ပါ။ ဒါပေမဲ့လည်း ဘာစီ လိုနာက စိန်ခေါ်မှုအသစ်ကို တ ကယ်လိုချင်တာကြောင့် ပြောင်း ရွှေ့ဖို့ရွေးချယ်ခဲ့ပါတယ်’’ ဟု ၂၀၁၈ ဂျေလိဂ်အကောင်းဆုံး လူငယ်ကစားသမားဆုရ အာ ဘေးက ပြောသည်။


ယခုအချိန်ကစ၍ ကြုံတွေ့ ရမည့်အခက်အခဲများ၊ အတား အဆီးများသည် မိမိကစားသမား အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်ဟု အာဘေးကဆက် ပြောသည်။

အာဘေးသည် ဘာစီလိုနာ (B) အသင်းနှင့်ချိတ်ဆက်မည်ဟု မျှော်လင့်ရသော်လည်း နည်းပြ ဗယ်လ်ဗာဒီ၏ ရာသီအကြိုဂျပန် ခရီးစဉ်တွင် ပါဝင်လာနိုင်ဖွယ်ရှိ သည်။ ယမန်နှစ်က အာရှချန်ပီယံ လိဂ်ဖလားဆုရ အာဘေး (၂၀) နှစ်သည် မကြာမီက ဘရာဇီးဗိုလ် စွဲခဲ့သော ကိုပါအမေရိကပြိုင်ပွဲ တွင် ဂျပန်အသင်း ကစားခဲ့သော သုံးပွဲစလုံးတွင် ပါဝင်ကစားခဲ့ သည်။

No comments:

Post a Comment