Pages

Thursday, July 4, 2019

ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေမိုရေးစ်ကို အက်စတွန်ဗီလာက ကလပ်စံချိန်တင်ကြေးဖြင့်ခေါ်ယူ

 ဘယ်လ်ဂျီယံကလပ် ဘရဂ်မှ ဘရာဇီးတိုက်စစ်မှူး ဝက်စ်လေမိုရေးစ်ကို အက်စတွန် ဗီလာက ကလပ်စံချိန်တင်ကြေး ဖြင့် ခေါ်ယူသည်။ မိုရေးစ် (၂၂) နှစ်အတွက် ပေါင် ၂၂ သန်းတန် သဘောတူ ညီမှုကို ပြီးခဲ့သည့်လက ဘရဂ်နှင့် အက်စတွန်ဗီလာအကြား သ ဘောတူညီခဲ့ကာ ၎င်းအတွက်အ လုပ် လုပ်ခွင့်ပါမစ်ရပြီးနောက် အ ပြောင်းအရွှေ့တရားဝင်ဖြစ်လာ ခြင်းဖြစ်သည်။ အက်စတွန်ဗီလာသည်နည်း ပြ ဒီယန်စမစ်၏ ဦးဆောင်မှုဖြင့် ချန်ပီယံရှစ် ရှုံးထွက်ကစားကာ ပရီးမီးယားလိဂ်သို့ ပြန်လည်တန်း တက်ခွင့်ရလာပြီးနောက် အင် အားဖြည့်တင်းနေသည်။


ဗီလာက ဂျိုတာ၊ အန်ဝါ အယ်လ်ဂါဇီ၊ ကော်တနေဟော့စ် နှင့်မတ်တာဂတ်တို့ကဲ့သို့ ကစား သမားသစ်များ ခေါ်ယူအားဖြည့် ထားပြီး ပရီးမီးယားလိဂ်တွင် အောင်မြင်မှုပြန်ရရန်ပြင်ဆင်နေ သည်။

ပြီးခဲ့သည့် ရာသီက ဘရဂ် အသင်းအတွက် ၁၄ ဂိုးသွင်းခဲ့ သော မိုရေးစ်က အက်စတွန်ဗီလာ သည် မိမိကို ကလပ်စံချိန်တင် ကြေးဖြင့် ခေါ်ယူလိုကြောင်းကြား သိရသဖြင့် အလွန်ပျော်ရွှင်မိသည် ဟု ပြောကြားသည်။

No comments:

Post a Comment