Pages

Sunday, July 7, 2019

အသက်ကြီးလာလို့ သရုပ်ဆောင်အလုပ် လျှော့ပြီးလုပ်လာတယ်ဆိုတဲ့ ဘရက်ပစ်

ယခုလအတွင်း​ရုံတင်ထားသော Once Upon a Time in Hollywood ဇာတ်ကား တွင် သရုပ်ဆောင်ထားသည့် မင်းသားဘရက်ပစ်က အသက်အ ရွယ်ရလာသဖြင့် ၎င်း၏သရုပ် ဆောင်အလုပ်ကိုလျှော့၍ လုပ်လာကြောင်း ထုတ်ဖော်ပြောကြား သည်။ အသက် (၅၅) နှစ်ရှိပြီဖြစ် သောနာမည်ကြီးမင်းသားဘရက် ပစ်သည်များမကြာမီနှစ်များက  ရုပ်ရှင်ထုတ်လုပ်ရေးစီမံကိန်းများ နှင့် ဝေးကွာခဲ့က ၎င်းနှင့် ကွာရှင်း ထားသည့် အန်ဂျလီနာဂျိုလီနှင့်အ တူရှိခဲ့သော ကလေး ခြောက်ဦး ကို အဓိက အာရုံစိုက်နေခဲ့သည်။



များမကြာမီက စီမံကိန်းများ နှင့် ပတ်သက်၍ ဘရက်ပစ်က  ‘‘ထုတ်လုပ်ရေးဘက်နဲ့ပတ်သက်  လို့ကျွန်တော်ကင်မရာနောက်ကို  ရောက်နေပါတယ်။ အဲဒါကိုကျွန် တော်အတော့်ကို သဘောကျပါ တယ်’’ ဟု ပြောကြားသည်။ သို့သော် သရုပ်ဆောင်အ လုပ်ကို လျှော့၍ လုပ်လာပြီးယင်း မှာ လူငယ်တို့အတွက် အလုပ်ဟု ယုံကြည်ကြောင်းနှင့် အသက် ကြီးသော ဇာတ်ကောင်များအ တွက်ကြီးကြီးမားမား သရုပ် ဆောင်ရမည့် အပိုင်းမရှိသော ကြောင့် မဟုတ်ဘဲအင်တာနက် ၀န်ဆောင်မှုများကြောင့် လူအ များကိုရုပ်ရှင်ရုံများမှ နေ၍၎င်းတို့ အိမ်၌ သာကြည့်ရှုသောအခြေအ နေသို့ ရောက်သွားစေကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment