Pages

Thursday, July 11, 2019

ရခိုင်မှာ မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်

ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းမှုများနေတာကြောင့် လေးမြို့မြစ်ရေဟာ ဒီနေ့မနက်ပိုင်းအထိ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်ထိမြင့်တက်နေတယ်လို့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က RFA ကို ပြောပါတယ်။ မိုးဆက်ရွာရင် ထပ်ပြီးမြင့်တက်လာနိုင်ခြေရှိတာကြောင့် ရေတက်လာရင် ကုန်းမြင့်တွေကို အရေးပေါ် ပြောင်းရွှေ့ဖို့ ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ညွှန်ကြားပြီး နှိုးဆော်ထားတယ်လို့လည်း ပြောပါတယ်။



မြစ်ရေမြင့်တက်မှုကြောင့် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း၊ ဖုံသာချောင်း စတဲ့ဒေသတွေက ရွာပေါင်း ၁၅ ရွာခန့် ရေတက်နေပြီး လောလောဆယ် ပြောင်းရွှေ့ရတာမရှိသေးဘူးလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

လေးမြို့ဒေသမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာနေပြီး တောင်ကုန်းအချို့မှာ အစိုးရတပ်က တပ်စွဲတာတွေရှိတာကြောင့် ဒေသခံတွေအနေနဲ့ ရေကြီးလို့ အရေးပေါ်ပြောင်းရွှေ့ရမယ်ဆိုရင် အကူအညီပေးဖို့ တင်ပြထားတယ်လို့လည်း ပြောပါတယ်။

လေးမြို့မြစ်ဟာ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေကို ဖြတ်သန်းပြီးစီးဆင်းတဲ့ မြစ်တစ်ခုဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာလည်း မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment