Pages

Thursday, July 11, 2019

ဗြိတိန်ဘီလျံနာ ဒိုင်ဆန်က စင်ကာပူ၏ ဈေးအကြီးဆုံး မိုးထိတိုက်ခန်းကို ဒေါ်လာ ၅၄ သန်းနှင့် ဝယ်ယူ

 ဒိုင်ဆန်ဝယ်ယူခဲ့သည့် တိုက်ခန်းတည်ရှိသော Wallich Residence အဆောက်အအုံအား ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ်လွ်ပ္စစ္လူသံုးကုန္ပစၥည္းမ်ားကုမၸဏီ Dyson ကို တည်ထောင်သော ဗြိတိန်ဘီလျံနာ ဂျိမ်းဒိုင်ဆန်သည် စင်ကာပူ၏ ဈေးအကြီးဆုံးသော မိုးထိတိုက်ခန်းကို ဒေါ်လာ ၅၄ သန်းဖြင့် ဝယ်ယူခဲ့သည်ဟု စင်ကာပူသတင်းစာ Business Times က ဖော်ပြခဲ့သည်။ ကိုယ်ပိုင်ရေကူးကန်၊ ခေါင်မိုးထိပ်စိုက်ခင်းတို့ ပါဝင်သော သုံးထပ်လူနေတိုက်ခန်းသည် စတုရန်းမီတာ ၁၉၆၀ အကျယ်အဝန်းရှိကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။


အိတ်မပါသော ဖုန်စုပ်စက်များ၊ ပန်ကာများ ထုတ်လုပ်မှုအတွက် ထင်ရှားသော Dyson ကုမ္ပဏီသည် ゞင်း၏ ကမ္ဘာ့ရုံးချုပ်ကို အင်္ဂ္လန်မှ စင်ကာပူသို့ ရွှေ့ပြောင်းမည်ဟု ယခုနှစ်အတွင်းက ကြေညာထားသည်။ စင်ကာပူတွင် လျှပ်စစ်ကားထုတ်လုပ်ရန်လည်း Dyson က စီစဉ်နေသည်။

ဗြိတိန်က ဥရောပမှထွက်ခွာမည့် Brexit အစီအစဉ်ကို ထောက်ခံသော ဘီလျံနာ ဒိုင်ဆန်၊ ၇၂ နှစ်သည် ဇွန် ၂၀ ရက်က ဇနီးဖြစ်သူနှင့်အတူ ၉၉ နှစ်သက်တမ်း အိမ်ဝယ်စာချုပ်အား မှတ်ပုံတင်ခဲ့ကြောင်း အေအက်ဖ်ပီက ရရှိခဲ့သော အထောက်အထားကို ကိုးကားပြီး ဖော်ပြခဲ့သည်။ ဒိုင်ဆန်ဝယ်ယူခဲ့သည့် အိမ်သည် ၆၄ ထပ် Wallich Residence အဆောက်အအုံ၏ ထိပ်ဆုံးသုံးထပ်တွင်ရှိသည်။ ၂၉၀ မီတာမြင့်သော Wallich အိမ်ရာသည် စင်ကာပူတွင် အမြင့်ဆုံးလူနေအဆောက်အအုံဖြစ်သည်။ စီးပွားရေးရပ်ဝန်းတွင်ရှိသော ထိုအိမ်ရာသည် နာမည်ကျော် Marina Bay အပါအဝင် စင်ကာပူ၏ ဗဟိုချက်မြင်ကွင်းကို ရရှိထားသည့် နေရာဖြစ်သည်။

အခန်းတိုင်းတွင် ကိုယ်ပိုင်ရေချိုးခန်းပါဝင်သည့် အိပ်ခန်းငါးခန်းရှိသော ထိုမိုးထိတိုက်ခန်းတွင် ကိုယ်ပိုင်ဥယျာဉ်တစ်ခုလည်း ပါဝင်သည်။ ကိုယ်ပိုင်ဓာတ်လှေကား၊ ဝိုင်ပုလင်း ၆၀ဝ ခန့် သိမ်းဆည်းနိုင်သောနေရာ၊ ၂၄ နာရီ သီးသန့်ဘဏ္ဍဍာထိန်းစနစ်တို့လည်း ပါဝင်သော ထိုမိုးထိအိမ်ကို မူလက စင်ကာပူဒေါ်လာ သန်း ၁၀ဝ ကျော် ဈေးသတ်မှတ်ထားခဲ့သည်။

Dyson ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က အိမ်ဝယ်ယူမှုနှင့်ပတ်သက်ပြီး အသေးစိတ်ပြောကြားရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း ဒိုင်ဆန်သည် စင်ကာပူသို့ ရုံးချုပ်ရွှေ့ရန် ဆုံးဖြတ်ထားပြီး အာရှတွင် ကုမ္ပဏီ၏ စီးပွားရေးကို ပိုမိုအာရုံစိုက်နေသဖြင့် အိမ်ရာဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဒိုင်ဆန်၏ မိုးထိတိုက်ဝယ်ယူမှုသည် ကမ္ဘာတွင် ဈေးအကြီးဆုံးသော စာရင်းဝင်ဖြစ်သည့် စင်ကာပူအိမ်ခြံမြေဈေးကွက်တွင် တန်ဖိုးအမြင့်ဆုံး ကွန်ဒိုအရောင်းအဝယ် ဖြစ်ခဲ့သည်။ Facebook ကို ပူးတွဲတည်ထောင်သူ အက်ဒွာဒိုဆာဗရင်သည် ၂၀၁၇ ခုနှစ်တွင် စင်ကာပူမိုးထိတိုက်ခန်းတစ်ခန်းကို ဒေါ်လာ ၄၄ သန်းခန့်ပေးပြီး ဝယ်ယူခဲ့ဖူးသည်။ ပြီးခဲ့သည့်လကလည်း စတုရန်းပေ ၁၁၀ဝ၀ ရှိသော မိုးထိတိုက်ခန်းတစ်ခုကို ဒေါ်လာ ၃၈ သန်း ကျော်နှင့် ရောင်းချခဲ့ရဖူးသည်။

No comments:

Post a Comment