Pages

Saturday, July 13, 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်းက အမြန်လမ်းမပေါ်ရှိ မိုင်တိုင် ၃၉ မိုင်နှင့် ၃၂၆ မိုင်တို့တွင် ရှေးဦးပြုစုခြင်းစခန်းများ ထပ်မံဖွင့်လှစ်မည်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အမြန်လမ်းမပေါ်ရှိ မိုင်တိုင် ၃၉ မိုင်နှင့် ၃၂၆ မိုင်တို့တွင် ရှေးဦးပြုစုခြင်းစခန်းများ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌဌ ပါမောက္ခဒေါက်တာ မြသူက ပြောကြားသည်။“ရှေးဦးပြုစုခြင်းစခန်းတွေ ထပ်မံဖွင့်လှစ်ဖို့ရှိတယ်။ အခုဆရာမတို့ ၃၉ မိုင်ရယ်၊ ၃၂၆ မိုင်ရယ် အဲဒီမှာ မကြာခင်ဖွင့်ပါတော့မယ်။ နောက်တစ်ခုက မြေရှာနေတယ်။ ရန်ကုန်အဝင် လှည်းကူးထိပ်ခုနစ်မိုင်လောက်မှာ မြေရှာနေတယ်။ ရန်ပုံငွေက ရထားပြီးပြီ။ အဲဒါက တရုတ်ပြည်သူ့သမ္မတနိုင်ငံကပါ။ ၃၉ မိုင်နဲ့ ၃၂၆ မိုင်ကတော့ စင်ကာပူကြက်ခြေနီက ရတာပါ”ဟု ゞင်းကပြောကြားသည်။
မတော်တဆမှုများကြောင့် အရေးပေါ်အခြေအနေများ ကြုံတွေ့ရပြီး ထိခိုက်ခံစားရသူများကို အချိန်မီကူညီကယ်တင်နိုင်ရန်အတွက် ယင်းကဲ့သို့ ရှေးဦးပြုစုခြင်းစခန်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိ အသင်းအနေဖြင့် ကျန်းမာလုံခြုံပြီး ဘေးအန္တရာယ်ကျရောက်လွယ်မှု လျော့ပါးစေရန် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ‘ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးအစီအစဉ်’ ကို ၂၀၁၉ ခု နှစ်မှ ၂၀၂၅ ခုနှစ်အထိ ရေးဆွဲထားပြီး ယင်းလုပ်ငန်းစဉ်တွင် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများပါဝင်ပြီး ရှေးဦးပြုစုခြင်းနှင့် သင်တန်းများပို့ချပေးခြင်း၊ အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အိမ်တွင်းမတော်တဆထိခိုက်မှုများမှ  ကာကွယ်ခြင်း၊လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပြန့်ပွားရေးမြှင့်တင်ခြင်း နှင့် ရေပြင်သက်ကယ်သင်တန်းများ ပို့ချပေးခြင်းစသည့်အချက်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြည်သူများဘေးအန္တရာယ် လျော့ပါးသက်သာစေရန်အတွက် ရှေးဦးပြုစုခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာဒေသများတွင် ရှေ့တန်းက ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-မန္တလေးအမြန်လမ်းတွင်လည်း ပြည်သူများ ယာဉ်မတော်တဆထိခိုက်မှုနှင့်အရေးပေါ် ကျန်းမာအရေးပေါ် ကျန်းမာရေးအခြေအနေများ ကြုံတွေ့ပါက ကူညီဆောင်ရွက်ပေးနိုင်ရန် ၂၀၁၃ခုနှစ် မတ်လမှစ၍၁၁၅ မိုင်ရှေးဦး သူနာပြုစုခြင်းစခန်း၊၂၀၁၃ ခုနှစ်သြဂုတ်လ တွင် ၂၈၅ မိုင် ရှေးဦးသူနာပြုစုခြင်းစခန်း နှင့်၂၀၁ရခုနှစ်တွင် ၂၀၂ မိုင်ရှေးဦးသူနာ ပြုစုခြင်းစခန်းများကို ဖွင့်လှစ်ထားရှိပြီး အရေးပေါ်ထိခိုက်ဒဏ်ရာကြုံတွေ့ခဲ့သူ ၁၅၀၁၉ ဦးကို ကူညီနိုင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတစ်သာရှိပြီး မြို့နယ်အသင်းခွဲအဖြစ် ၃၃၀ နှင့် တက္ကသိုလ်ကောလိပ်ကြက်ခြေနီအသင်းခွဲ၁၅၀ ရှိသည်။

No comments:

Post a Comment