Pages

Wednesday, July 10, 2019

ပြည်သူ့ဆက်ဆံရေးပညာ

လူပုဂ္ဂိုလ်တစ်ဦး သို့မဟုaတ် အဖွဲ့အစည်းတစ်ခု (လုပ်ငန်းတစ်ခု၊ အစိုးရအေဂျင်စီတစ်ခု သို့မဟုတ် NGO အဖွဲ့တစ်ခု အစရှိသဖြင့်) နှင့် ပြည်သူလူထုအကြား အချက်အလက်များ ပျံ့နှံ့စေမှုကို ရည်ရွယ်ချက်ရှိစွာ ကိုင်တွယ်စီမံရမှုကို ပြည်သူ့ဆက်ဆံရေးပညာဟုခေါ်သည်။ ပြည်သူ့ဆက်ဆံရေးတွင် အများပြည်သူ စိတ်ဝင်စားသည့် အကြောင်းအရာများနှင့် တိုက်ရိုက်ငွေပေးချေစရာမလိုသော သတင်းအကြောင်းအရာများကို အသုံးပြုလျက် ၎င်းတို့၏ ပရိသတ်များနှင့် ထိတွေ့မှုရယူသည့် လုပ်ငန်းပါဝင်သည်။ ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးသည် ဈေးကွက်ဆက်ဆံရေးပုံစံတစ်ရပ်ဖြစ်သော ကြော်ငြာလုပ်ငန်းနှင့် ကွဲပြားခြားနားသည်။ ပြည်သူ့ဆက်ဆံရေးသည် ဈေးကွက်ကိစ္စ၊ ကြော်ငြာကိစ္စတို့ထက် ဖောက်သည်တစ်ဦးအတွက် လိုအပ်သောအကြောင်းအရာများကို ထုတ်လုပ်ပေးသည်။



ပြည်သူ့ဆက်ဆံရေး၏ ရည်ရွယ်ချက်မှာ ပြည်သူလူထု၊ ဖောက်သည်ဖြစ်လာနိုင်ခြေ ရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်များ၊ ဝန်ထမ်းများနှင့် အခြားရှယ်ယာဝင်များကို အချက်အလက်များ အသိပေးရေးနှင့် အဆုံးစွန်အနေဖြင့် ၎င်းတို့အား မိမိအဖွဲ့အစည်း၊ အဖွဲ့အစည်း၏ ဦးဆောင်မှု၊ ထုတ်ကုန် သို့မဟုတ် နိုင်ငံရေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ အကောင်းမြင်လာစေရန် သို့မဟုတ် အကောင်းမြင်မှုကို ထိန်းသိမ်းရန် ဆွဲဆောင်သိမ်းသွင်းရေး ဖြစ်သည်။

ပြည်သူ့ဆက်ဆံရေး ကျွမ်းကျင်သူများသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ ပစ်မှတ်ဖြစ်သော ပရိသတ်များ၊ မီဒီယာများနှင့် အများထင်မြင်ချက်အပေါ် သြဇာလွှမ်းမိုးသည့် အခြားခေါင်းဆောင်များနှင့် ဆက်ဆံရေးကို ထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ ပြုကြရသည်။ ပြည်သူ့ဆက်ဆံရေး ကျွမ်းကျင်သူများ၏ တာဝန်ဝတ္တရားများထဲတွင် ဆက်ဆံရေးဆိုင်ရာ လှုပ်ရှားမှုများ ဒီဇိုင်းရေးဆွဲခြင်း၊ သတင်းထုတ်ပြန်ချက်များနှင့် သတင်းအတွက် အခြားအကြောင်းအရာများ ရေးသားခြင်း၊ စာနယ်ဇင်းများနှင့် အလုပ်လုပ်ခြင်း၊ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူများအတွက် အင်တာဗျူးများ စီစဉ်ပေးခြင်း၊ အဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ပေးခြင်း၊ သတင်းစာရှင်းလင်းပွဲများ မီဒီယာအင်တာဗျူးများနှင့် မိန့်ခွန်းများ ပြင်ဆင်ပေးခြင်း၊ ဝက်ဘ်ဆိုက်နှင့် လူမှုမီဒီယာများ၌ သတင်းအချက်အလက်များ ရေးသားပေးခြင်း၊ အကျပ်အတည်းဆိုင်ရာ စီမံမှုအဖြစ် ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ထိန်းသိမ်းရေးအတွက် စီမံပေးခြင်း၊ ဌာနတွင်း ဆက်ဆံရေးကို စီမံပေးခြင်းနှင့် အမှတ်တံဆိပ်ကို လူသိရေးနှင့် အခမ်းအနားကျင်းပရေးတို့အတွက် စီမံပေးခြင်းတို့ ပါဝင်သည်။ ပြည်သူ့ဆက်ဆံရေးနယ်ပယ်၌ အောင်မြင်မှုရရှိရန် ကုမ္ပဏီရှယ်ယာဝင်များစွာတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်ရာအကြောင်းအရာအသီးသီးကို နက်ရှိုင်းစွာနားလည်နိုင်ရေး လိုအပ်သည်။ ပြည်သူ့ဆက်ဆံရေး ပရော်ဖက်ရှင်နယ်တစ်ဦးသည် ဖော်ပြပါအကြောင်းအရာများအား မည်သို့မည်ပုံ ထိရောက်စွာကိုင်တွယ်ရမည်ကို သိရှိရမည်ဖြစ်သည်။

၁၉၇၈ ခုနှစ် သြဂုတ်လတွင် ပြည်သူ့ဆက်ဆံရေးအဖွဲ့အစည်း ကမ္ဘာ့ညီလာခံ၌ ပြည်သူ့ဆက်ဆံရေးနယ်ပယ်အား “လမ်းကြောင်းများကို သုံးသပ်ခြင်း၊ အကျိုးဆက်များကို ကြိုတင်ခန့်မှန်းတွက်ချက်ခြင်း၊ အဖွဲ့အစည်းခေါင်းဆောင်များကို တိုင်ပင်ဆွေးနွေးခြင်း နှင့် အစီအစဉ်ချထားသော လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းတို့အား အဖွဲ့အစည်းနှင့် အများပြည်သူအကျိုးစီးပွား နှစ်ရပ်စလုံးအတွက် ထမ်းဆောင်ပေးသည့် ၀ိဇ္ဇာနှင့် လူမှုရေးသိပ္ပံပညာ” ဟု အဓိပ္ပာယ်သတ်မှတ်ခဲ့သည်။ အမေရိက၏ ပြည်သူ့ဆက်ဆံရေးအဖွဲ့အစည်းက ပြည်သူ့ဆက်ဆံရေးကို ၁၉၈၂ ခုနှစ်၌ “အဖွဲ့အစည်းတစ်ခုနှင့် သူ၏ ပရိသတ်ကို အချင်းချင်း အပြန်အလှန်နားလည်မှုရရှိအောင် လိုက်လျောညီထွေပြုပေးရာ၌ အထောက်အကူပြုသည့်အလုပ်” ဟု အဓိပ္ပာယ်သတ်မှတ်ခဲ့သည်။

မည်သို့ပင်ဆိုစေ ပြည်သူ့ဆက်ဆံရေးဟူသည် အရေးကြီးပုဂ္ဂိုလ်တစ်ဦးအတွက်လည်းကောင်း၊ အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် ကုမ္ပဏီတစ်ခုအတွက်လည်းကောင်း အလွန်အရေးပါသည့် နယ်ပယ်တစ်ရပ်ဖြစ်သောကြောင့် ပရော်ဖက်ရှင်နယ်ဆန်စွာ စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း The Daily Elevenသတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment