Pages

Monday, July 8, 2019

ကင်အီဆွန်း ကွယ်လွန်သည့် ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကင်ဂျုံအန်း တက်ရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဇူလိုင် ၈ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့တဲ့ အဘိုးဖြစ်သူ ကင်အီဆွန်းရဲ့ ဂူဗိမာန်ကို သွားရောက်ခဲ့ပါတယ်။ ကင်အီဆွန်း ကွယ်လွန်တဲ့ ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ကင်ဂျုံအန်းနဲ့အတူ တခြား မြောက်ကိုရီးယား အဆင့်မြင့်အရာရှိတွေ တက်ရောက်လာကြတဲ့ ရုပ်သံဖိုင်ကို နိုင်ငံပိုင် ရုပ်သံသတင်းဌာန KRT က ဖော်ပြခဲ့ပါတယ်။


Kumsusan Palace of the Sun ဂူဗိမာန်ဟာ မြောက်ကိုရီးယားရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကင်အီဆွန်းနဲ့ ကင်ဂျုံအီလ်တို့ရဲ့ ရုပ်အလောင်းတွေကို မြှုပ်နှံထားတဲ့ ဗိမာန်ပါ။

တနင်္လာနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီက အချက်ပေးဥသြသံ ထွက်လာချိန် ပြုံယမ်းမြို့ လမ်းမတွေပေါ်မှာ လူတွေအားလုံး ခေါင်းငုံ့ပြီး တမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

ကင်အီဆွန်းဟာ ၁၉၄၈ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင် ဦးဆောင်ခဲ့ပြီး ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ကာလတွေကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အဲဒီနောက် မြောက်ကိုရီးယားခေါင်းဆောင်နေရာကို သားဖြစ်သူ ကင်ဂျုံအီလ်က ဆက်လက် တာဝန်ယူခဲ့ပြီး ကင်ဂျုံအီလ်ကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပါတယ်။

No comments:

Post a Comment