Pages

Saturday, July 6, 2019

လက်နက်ကိုင်တပ်များကြောင့် နစ်နာမှုရှိပါက ပွင့်လင်းစွာပြောရန် ကရင်လူထုကို အပစ်ရပ်စောင့်ကြည့်ရေးတာဝန်ရှိသူ တိုက်တွန်း

 နှစ်ဖက်လက်နက်ကိုင်တပ်များကြောင့် အခက်အခဲ၊ နစ် နာမှုများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြရန် ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူး တွဲစောင့်ကြည့်ရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည့် အရပ်သားကိုယ်စားလှယ် ဦးစောသိန်း ရွှေက ကရင်လူထုကို တိုက်တွန်း သည်။   ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူး တွဲစောင့်ကြည့်ရေး ကော်မတီ [JMC-S(ကရင်)]က လှိုင်းဘွဲမြို့ နယ်ရှိ ဒေသခံလူထုနှင့် ဇူလိုင် ၃ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံပွဲသည် JMCလုပ်ငန်းစဉ်များ ခုနစ်လခန့်ရပ်တန့်နေပြီးနောက် ပထမဆုံးပြန်လည် ပြုလုပ်ခြင်းဖြစ်သည်။



‘မိမိတို့သည် စစ်ဘေးဒုက္ခ အားနှစ်ပေါင်း (၆၀) ကျော် ခံစား လာခဲ့ရပြီးဖြစ်၍ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို အမှန်တ ကယ်လိုလားပါကြောင်း၊ ယခုအ ချိန်တွင် ယခင်ကထက် စစ်ဘေး ဒုက္ခများ လျော့နည်းသွားသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ပြည်သူလူထုက ကောင်းစွာသိရှိ နားလည်ရန် လိုအပ်သလိုပူး ပေါင်းဆောင်ရွက်ရန်လည်း လိုပါ ကြောင်း’ JMC-S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေက ပြောကြားသည်ဟုလည်း JMC က သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲသို့ JMC - S (ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောသိန်းရွှေနှင့် အရပ်သားကိုယ် စားလှယ်များသာ တက်ရောက်ခဲ့ ပြီး တပ်မတော်နှင့် ကရင်လက် နက်ကိုင်အဖွဲ့ (KNU) ကိုယ် စားပြု အဖွဲ့ဝင်များတက်ရောက် ခြင်းမရှိပေ။

လူထုတွေ့ဆုံပွဲတွင် နှစ်ဖက်တပ်များ လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊  ပြည်သူနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်းလူထုကို အရပ်သားကိုယ်စားလှယ်များက ရှင်းပြခဲ့ကြောင်း အဖွဲ့ဝင် ဦးစောဘိုးနီက ပြောသည်။

တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြားတိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာဖြစ်ပေါ် လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး၊ ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်နှင့် ဒေသအဆင့် JMC  များကို နှစ်ဖက်ကိုယ်စားလှယ် များ၊ အရပ်သားကိုယ်စားလှယ်  များဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိတွင်  ရှမ်းလက်နက် ကိုင်အဖွဲ့ (RCSS) နှင့် ကရင် လက်နက်ကိုင်အဖွဲ့ (KNU) တို့ က JMC တွင်ပါဝင်မှု ယာယီရပ် ဆိုင်းထား၍ JMC ဆိုင်ရာ တရားဝင် အစည်းအဝေးများ ကျင်းပနိုင်ခြင်းမရှိသေးပေ။ JMCဆိုင်ရာ အစည်းအဝေးများ ပြန်လည်ပြုလုပ်၍ လုပ်ငန်းစဉ်များ စတင်နိုင်ရေး ကြိုးစားနေကြောင်း အရပ်သားကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားထားသည်။

No comments:

Post a Comment