မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဟာ လာမယ့် သြဂုတ်လမှာ ပြန်လည် စတင်တော့ မှာပါ။ မကြာခင်ရက်ပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုခွဲဖို့ စတင်တော့မှာဖြစ်တဲ့အတွက် မြန်မာအသင်း ဟာ ခြေစစ်ပွဲမှာ အောင်ဖို့ လေ့ကျင့်ရေး ကို ပြန်လည်စတင်တာလဲဖြစ်ပါတယ်။ ဒါအပြင် ပြည်ပ ခြေစမ်းပွဲတွေလည်းကစားဖို့ ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ကမှ မြန်မာအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူထားတဲ့ မိုတီနီဂရိုး နိုင်ငံသား ရာဂျူ လိုဗစ်က မြန်မာအသင်းကို နည်းစနစ်တကျ လေ့ကျင့်ပေးမယ်လို့ ဆိုထားပါတယ်။ နည်းပြသစ်လက်ထက်မှာတော့ မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုအောင် မြင်ဖို့ ၊ ကမ္ဘာ့ဘောလုံး အဆင့်သတ်မှတ်ချက်မှာ အဆင့်တက်လာဖို့အတွက် ရည်မှန်းထားတာပါ။
No comments:
Post a Comment