Pages

Wednesday, July 3, 2019

အမှုတွေကိုသတ်မှတ်ကာလအတွင်းအပြီးသတ်စစ်ဆေးဖို့ တရားရုံး ၁၅ ရုံးမှာစတင်

တရားရုံးကိုရောက်လာတဲ့အမှုတွေကို အမှုအခြေအနေပေါ် မူတည်ကာ အပြီးသတ်မှတ်ဆောင်ရွက်ရမယ့် အချိန်ကာလ ကို စတင်လိုက်ပြီလို့သိရပါတယ်။ အလျင်အမြန်ဆောင်ရွက်ရမယ့် အမှုတွေကို ရက်ပေါင်း ၉၀ အတွင်း ၊ ရိုးရှင်တဲ့အမှု တွေ ကို ရက်ပေါင်း ၁၈၀ အတွင်း ၊ ရှုပ်ထွေးတဲ့အမှုတွေကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးဆောင်ရွက်ဖို့ သတ်မှတ်လိုက်တာပါ။ ဒီလိုအချိန်ကာလ သတ်မှတ်တာကို မန္တလေးခရိုင်အတွင်းက မြို့နယ် တရားရုံး ခြောက်ရုံး ၊ နေပြည်တော် ကောင်စီ ဒက္ခိဏခရိုင်တရားရုံးနဲ့ မြို့နယ် တရားရုံး ခုနှစ် ရုံး စုစုပေါင်း တရားရုံး ၁၅ ရုံးမှာ အခု ဇူလိုင်လကနေစတင်မှာဖြစ်တယ်လို့ မန္တလေးတိုင်း တရားရေး ဦးစီးမှူး ဒေါ်ခင်ခင်ချို ကပြောပါတယ်။



ဒီလို စတင်လုပ်ဆောင်မယ့်အကြောင်းကိုတော့ ဇွန်လကုန်ပိုင်းက မန္တလေးမှာ တရားရေးဝန်ထမ်းတွေကို ခေါ်ယူတွေ့ဆုံကာ ရှင်းလင်းပြတာတွေပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်ကိုတော့ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်လို အမည်ပေးထားပြီး တစ်နိုင်ငံလုံးမှာ ဆောင်ရွက်ဖို့ရှိတယ်လို့ လည်းသိရတယ်။

မှုခင်းစီမံခန့်ခွဲအမှုအစီအစဉ်မှာ အမှုသည်တွေအနေနဲ့ အမှုနဲ့ပတ်သက်ပြီးတရားရုံးသတင်းအချက်အလက်တွေကို ရပိုင်ခွင့် နဲ့ အမှုမြန်ဆန်ဖို့ ၊ မှန်ကန်ဖို့ ၊ အမှုတွေကို စစ်ဆေးပြီးပြတ်နိုင်မယ့် ခန့်မှန်းအချိန်ကာလ ကြိုတင်သိရှိ ခွင့်စတဲ့ အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

No comments:

Post a Comment