Pages

Wednesday, July 3, 2019

နိုင်ဂျီးရီးယားတွင် လောင်စာဆီတင်ကားတိမ်းမှောက်ရာမှာ ပေါက်ကွဲမီးလောင်ပြီး အနည်ဆုံးလူ ၅၀ ခန့် သေဆုံးကာ ၁၀၁ ဦးဒဏ်ရာရ

Image may contain: one or more people, fire and outdoorနိုင်ဂျီးရီးယားအလယ်ပိုင်း မှာ လောင်စာဆီတင်ကားတိမ်းမှောက်ခဲ့ရာမှာ အနီးနားက လာရောက်ခပ်ယူသူတွေကြောင့် ဆီတင်ကား ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅၀ ခန့်သေဆုံးကာ ၁၀၁ ဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။ ဒီမတော်တဆမှုက တနင်္လာနေ့ ညနေပိုင်းက ဘီနူးပြည်နယ် အန်ဘူးကျေးရွာအနီး လမ်းမမှာ ဖြစ်ခဲ့တာဖြစ်ညပီး ဆီတင်ကားက ကျောက်ကလိုင်တစ်ခုကို ရှောင်ရာကနေတိမ်းမှောက်ခဲ့တာလို့ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မရှင် လုပ်သား ဘာဘာအလီယူက ပြောပါတယ်။


ဘီနူးပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ တာဗာအကာစီကတော့ ဒဏ်ရာရသူတွေအခြေအနေက စိုးရိမ်စရာဖြစ်တဲ့ အတွက် သေဆုံးသူအရေအတွက်တိုးလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဆီကားမှောက်ပြီးနောက်ပေါက်ကွဲရာကနေ အစအနတွေစင်ပြီး အနီးနားရှိ ဆိုင်တွေကို မီးကူး စက်လောင်ကျွမ်းခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ရေနံတင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားမှာ ရေနံစိမ်းတွေကို လမ်းတွေကနေ ပို့ဆောင်လေ့ရှိတဲ့ အတွက် ဆီတင်ကား မကြာခဏတိမ်းမှောက်မှု ဖြစ်လေ့ရှိပါတယ်။ပြီးခဲ့တဲ့ ဇွန်လက လာဂို့စ်မှာ ဆီတင်ကားတိမ်းမှောက်လို့ လူ၁၀ ဦးသေဆုံးခဲ့ရသလို ၂၀၁၅ ခုနှစ်က အနမ်ဘာရာပြည်နယ်မှာ ယခုလိုဘဲ ဆီတင်ကားတိမ်းမှောက်ရာကနေ လူ ၆၀ ကျော်သေဆုံးရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။

No comments:

Post a Comment