Pages

Friday, July 5, 2019

လမ်းပတ်ကို ချယ်လ်ဆီးအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်

ချယ်လ်ဆီးအသင်းအနေနဲ့ ဖရန့်ခ်လမ်းပတ်ကို အသင်းရဲ့နည်းပြချုပ်အဖြစ် ၃ နှစ် စာချုပ်ချုပ်လိုက်တယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လမ်းပတ်ဟာ ပရီးမီးယားလိဂ်ဖလား ၃ လုံးနဲ့ ချန်ပီယံလိဂ်ဖလားတွေအပါအ၀င် ဆုဖလားတွေ အများကြီး  ရရှိထားတဲ့ နာမည်ကြီး ကလပ်အသင်း ချယ်လ်ဆီးနဲ့အတူ အချိန် ၁၃ နှစ်ကြာ ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်း တယောက်လည်း ဖြစ်ပါတယ်။ “ကျနော့်အနေနဲ့ ချယ်လ်ဆီးကို နည်းပြချုပ်အနေနဲ့ ပြန်လာခွင့်ရတာကို အတိုင်းမသိ ၀မ်းသာဂုဏ်ယူမိပါတယ်” လို့ လမ်းပတ်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။ “မျှဝေခဲ့ဖူးတဲ့ အတိတ်ပုံရိပ်တွေနဲ့ အသင်းအပေါ်ထားတဲ့ ကျနော့်ရဲ့ သံယောဇဉ်ကို လူတိုင်းသိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်စိတ်ထဲမှာတော့ အလုပ်အပေါ် အာရုံစိုက်ထားပြီး လာမယ့်ရာသီအတွက် ပြင်ဆင်ပေးသွားမှာပါ။”

No comments:

Post a Comment