Pages

Tuesday, July 9, 2019

ရန်ကုန်တွင် တီဘီရောဂါ အခမဲ့ကွင်းဆင်း စစ်ဆေးပေးနေ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေက ရပ်ကွက်ထဲကို ကွင်းဆင်းပြီး တီဘီရောဂါအခမဲ့ စစ်ဆေးပေးနေပါတယ်။ တီဘီအခမဲ့စစ်ဆေးပေးတာကိုတော့ မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ တောင်ဥက္ကလာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းပြီး Access To Health Fund ရန်ပုံငွေအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။


တီဘီရောဂါ ရှိ၊မရှိ ရပ်ကွက်နေပြည်သူအားလုံးကို စစ်ဆေးပေးနေတာဖြစ်ပြီး တီဘီရောဂါဖြစ်နေတဲ့ ဝေဒနာရှင်တွေနဲ့ အတူ နေထိုင်နေကြတဲ့ မိသားစုဝင်တွေကို အဓိက စစ်ဆေးပေးနေပါတယ်။

လာရောက်စစ်ဆေးတဲ့ ပြည်သူတွေကို ကွန်ပျူတာဓာတ်မှန်နဲ့အတူ တီဘီရောဂါဖြစ်ပွားမှု ရှိ၊မရှိ စစ်ဆေးပေးပြီး တီဘီရောဂါဖြစ်ပွားနေသူတွေရှိရင် တီဘီဆေးတွေကို မြို့နယ်ဆေးပေးခန်းတွေမှာ အခမဲ့ ထုတ်ပေးပါတယ်။

ဒါ့အပြင် လာရောက်စစ်ဆေးတဲ့ ပြည်သူတွေကို တီဘီရောဂါဆိုင်ရာ အသိပညာပေး ဟောပြောတာတွေလည်း လုပ်ဆောင်နေပါတယ်။

တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် ရန်ကုန်တိုင်းမှာ တီဘီရောဂါဖြစ်ပွားမှု အများဆုံးရှိတောဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လူ ၁ သိန်းမှာ ၃၆၇ ယောက် တီဘီရောဂါဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

No comments:

Post a Comment