Pages

Saturday, July 6, 2019

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လူထုအခြေပြုအသက်မွေးပညာသင်တန်းကျောင်းတွင်ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေးရွာ လူထုအခြေပြုအသက် မွေးပညာသင်တန်းကျောင်းခြံဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်ကို သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်မှုဖြင့်ကျင်းပ ပြုလုပ်ခဲ့ပြီး စိုက်ပျိုးသည့်အပင်များမှာ ပျဉ်းကတိုး(၂၅၀)၊ မဟော်ဂနီ(၂၅၀)၊ စိန်တံချူ(၂၀)၊ စိန်ပန်း(၂၀)၊ ခရေ (၂၀)၊ပုန်းညှပ်(၂၀)နှင့် စွယ်တော်(၂၀)ပင် စုစုပေါင်း (၆၀၀)ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


သစ်ပင်စိုက်ပျိုးပွဲသို့ သရက်ချောင်းမြို့နယ် ကျွဲခြံကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးတိက္ခာ ဥာဏ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု နှင့် ဌာနဆိုင်ရာဖိတ်ကြားထားသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အသက်မွေးပညာသင်တန်းကျောင်းမှ ဆရာ၊ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများက တစ်ပျော် တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများကို ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment