Pages

Saturday, July 6, 2019

မြန်မာလိဂ်တွင် ရန်ကုန်နှင့် ရတနာပုံထိပ်တိုက်တွေ့ဆုံ

 မြန်မာလိဂ် ပွဲစဉ် (၁၅) တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လက်ရှိချန်ပီယံ ရန်ကုန်အသင်း နှင့် ချန်ပီယံဟောင်း ရတနာပုံတို့ ထိပ်တိုက်တွေ့ဆုံနေသည်။  ၂၀၁၉ မြန်မာလိဂ် ပွဲစဉ် (၁၅) ကို ဇူလိုင် ၆ ရက်နှင့် ၇ ရက် တွင် သက်ဆိုင်ရာကွင်းများ၌ ကျင်းပမည်ဖြစ်သည်။ အမှတ် ပေးဇယား ဦးဆောင်ထားသည့် ရန်ကုန်အသင်းသည် အစဉ်အ လာပြိုင်ဘက် ရတနာပုံအသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည် ဖြစ်ပြီး ယခုတစ်ပတ်၏အကောင်း ဆုံးပွဲ ဖြစ်လာဖွယ်ရှိသည်။



ရန်ကုန်အသင်းသည် ယခု နှစ် ဘောလုံးရာသီတွင် အိမ်ကွင်း ပွဲစဉ်များ၌ ခြေစွမ်းပြနေပြီး  ခုနစ် ပွဲတွင် လေးပွဲနိုင်၊ နှစ်ပွဲသရေကျ ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။ ထို့အပြင် ရန်ကုန်အသင်းသည် ပထမအကျော့၌ ရတနာပုံအသင်း ကို ရှုံးနိမ့်ထားသဖြင့် အိမ်ကွင်းတွင်  ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကာ အကြိတ်အနယ် ဖြစ်လာဖွယ်ရှိသည်။

ရတနာပုံအသင်းသည် မြန် မာလိဂ် ဒုတိယအကျော့သုံးပွဲတွင်  တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ကာနိုင်ပွဲ ပျောက်ဆုံးနေသည်။ ထို့ကြောင့် ယခုတစ်ပတ်တွင် နိုင်ပွဲပြန်လည် ရရှိရန် ကြိုးပမ်းမည်ဖြစ်သော် လည်း အဝေးကွင်း၌ ရန်ကုန်အ သင်းထံမှရမှတ်ပြည့်ရရန် ရုန်း ကန်ရဖွယ်ရှိသည်။

ရန်ကုန်နှင့်ရတနာပုံအသင်း သည် လိဂ်ပွဲစဉ်တစ်လျှောက်အ ကြိမ် ၂၀တွေ့ဆုံရာ၌ ရတနာပုံက ခုနစ်ကြိမ်နှင့် ရန်ကုန်ကခြောက် ကြိမ်အနိုင်ရပြီး ခုနစ်ကြိမ် သရေ ကျထားသည်။ မြန်မာလိဂ်ပွဲစဉ် (၁၅) အခြားပွဲစဉ်များတွင် ရှမ်း နှင့်ဒဂုံ၊ မကွေးနှင့်ဟံသာဝတီ၊ ဆောက်သမ်းနှင့်စစ်ကိုင်း၊ ဧရာ ၀တီနှင့် ချင်းလန်း၊ ဇွဲကပင်နှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ် သည်။

၂၀၁၉ မြန်မာလိဂ် ပွဲစဉ် (၁၄) အပြီးတွင် ရန်ကုန်အသင်း က ရမှတ် ၂၇ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်ထား ပြီး ရှမ်းအသင်းက ရမှတ် ၂၆မှတ် ဖြင့် ဒုတိယ၊ ဟံသာဝတီက ၂၅ မှတ်ဖြင့် တတိယနေရာတွင် ရပ် တည်နေသည်။ မကွေးအသင်းက ရမှတ် ၁၁ မှတ်နှင့် ချင်းလန်းက ကိုးမှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေသည်။

မြန်မာလိဂ် ပွဲစဉ်(၁၅)   ၆.၇.၂၀၁၉ 
ရန်ကုန် - ရတနာပုံ (YUSC)       ရှမ်း - ဒဂုံ (တောင်ကြီး)        မကွေး - ဟံသာဝတီ (သုဝဏ္ဏ) 
၇.၇.၂၀၁၉ 
ဧရာဝတီ - ချင်းလန်း (ပုသိမ်)       ဆောက်သမ်း - စစ်ကိုင်း (မော် လမြိုင်)      ဇွဲကပင် - ရခိုင် (သုဝဏ္ဏ)

No comments:

Post a Comment