Pages

Tuesday, July 9, 2019

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်စေချင်တဲ့ နေတိုး

ရှေးဟောင်းလက်ရာ များရှိသည့် ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ပုဂံဒေသကဲ့ သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ်ပေးသင့်ကြောင်း သရုပ်ဆောင် နေတိုးက ပြော သည်။ ‘‘ရခိုင်ဘုရား၊ ရခိုင်လက် ရာတွေကလည်း တော်တော်လေး အနုပညာမြောက်တယ်။ သက် တမ်းအရလည်း ဒီနယ်မြေကို သတ်မှတ်သင့်တယ်လို့ပြောချင်ပါတယ်’’ ဟု ၎င်းကပြောသည်။ ပုဂံဒေသသည် ၎င်းကြိုက် နှစ်သက်သည့် နေရာဖြစ်သကဲ့သို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သောကြောင့် ဂုဏ်ယူရသည်ဟု ဆိုသည်။



‘‘ပုဂံယဉ်ကျေးမှုက တကယ် အံ့သြစရာကောင်းတယ်။ အမြဲ တမ်းဘယ်နေရာမဆို သွားလိုက် ရင် ငေးမောပြီး ကြည့်နေရတယ်။ အချိန်တိုင်းက တန်ဖိုးရှိတယ်။ အချိန်တိုင်းမှာ ပုဂံမြို့ကြီးက အလှတရားနဲ့ပြည့်စုံတယ်’’ ဟု နေတိုးကပြောသည်။

အနုပညာလောကသို့ စတင် ဝင်ရောက်ချိန်ကတည်းက ပုဂံ တွင်တစ်လခန့်နေပြီး ဗီဒီယို ဇာတ်ကားများ ရိုက်ကူးခဲ့သော ကြောင့် ၎င်း၏သရုပ်ဆောင် ဘဝအစသည်ပုဂံဟု ပြော၍ရ ကြောင်း၊ အဖြူရောင်ရဲတိုက် ၊ အမှောင်မှာရွာချတဲ့မိုးတိမ် (ကျွန်) စသည့် ဇာတ်ကားများအပါအဝင် ပုဂံဒေသ၌ရိုက်ကူးကာ အောင် မြင်သည့် ဗီဒီယို၊ ရုပ်ရှင်များစွာ ရှိကြောင်း နေတိုးကပြောသည်။

လက်ရှိတွင် ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ် သောကြောင့် ထိန်းသိမ်းမှုအပိုင်း ကို ယခင်ထက် စနစ်တကျဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုယ်သိသလောက်၊ မှတ် သလောက် ထိန်းသိမ်းတာနဲ့ကမ္ဘာ့ အသိအမှတ်ပြုပြီး ထိန်းသိမ်းတာ မျိုးတော့ကွာခြားမှုတော့ရှိမှာပါ။ အဓိကကတော့ လက်ရှိရှိနေတဲ့ ရိုးရာယဉ်ကျေးမှုကို မပျောက် ပျက်အောင် ထိန်းသိမ်းသွားဖို့ တိုက်တွန်းချင်တယ်’’ ဟု နေတိုး ကပြောသည်။ လက်ရှိတွင်ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ပြီ ဖြစ်ပြီး မြောက်ဦးဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေး ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနက ဆောင် ရွက်နေသည်။

No comments:

Post a Comment