Pages

Sunday, July 14, 2019

မြန်မာကျပ်ငွေ တန်ဖိုးမာစေရန် ဆွစ်ဇာလန်၌ ရွှေပေါင်ထားမည့် သတင်း မမှန် မည်သည့်နိုင်ငံမှ ယင်းစနစ် အသုံးမပြုတော့ဟု ဗဟိုဘဏ် ဆို

မြန်မာကျပ်ငွေတန်ဖိုးမာစေရန် ဆွစ်ဇာလန်၌ ရွှေပေါင်ထားမည့် သတင်းသည် သတင်းအမှားကြီးသာဖြစ်၍ ရွှေစံ ချိန်စနစ်ကို မည်သည့်နိုင်ငံမျှ အသုံးပြုခြင်းမရှိ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။ အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ”မြန်မာကျပ်ငွေသည် စင်ကာပူဒေါ်လာပြီးနောက် ဒုတိယမြောက် ကမ္ဘာ့အဆင့်မီ ငွေကြေးဖြစ်လာတော့မည်”ခေါင်းစဉ်ဖြင့် ဖော်ပြထားသော မြန်မာကျပ်ငွေတန်ဖိုးမာစေရန် ဆွစ်ဇာလန်၌ ရွှေပေါင်ထားမည့်သတင်းအား မှန်ကန်ခြင်း ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာတွင် ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ”အဲဒီသတင်းက မဟုတ်မှန်ပါဘူး။ ရွှေအပေါင်က ဘယ်နိုင်ငံမှမထားတော့ဘူး။ မြန်မာနိုင်ငံမှမဟုတ်ပါဘူး။ ဘယ်နိုင်ငံမှ မထားတော့တာပါ။ ဘယ်သူတွေ ဘယ်လိုလျှောက်တင်နေတာလဲတော့ မသိဘူး။ ရွှေအပေါင်ထားပြီးလုပ်တဲ့ ရွှေစံချိန်စနစ်လို့ခေါ်တဲ့ ဒါကို မြန်မာနိုင်ငံမှ မဟုတ် ဘူး ဘယ်နိုင်ငံမှမထားဘူး။ ခုနှစ်တော့ သေချာ မမှတ်မိတော့ပေမယ့် ၁၉၅ဝ ပြည့်နှစ် ပတ်ဝန်းကျင် လောက်က ဖြစ်မယ်ထင်တယ်။ အခုဖြတ်လိုက်ပြီ။ သတင်းအမှားကြီးပါ”ဟု ဇူလိုင် ၁၂ ရက်က ဒီမို ကရေစီတူဒေးသို့ ပြောသည်။

အဆိုပါ ရွှေစံချိန်စနစ် (gold standard) ကို ၁၈ ရာစုအလယ်ခန့်တွင် ဥရောပ၌ကျင့်သုံးခဲ့ရာမှ တဖြည်းဖြည်းပျံ့နှံ့ခဲ့ခြင်းဖြစ်သော်လည်း ယနေ့ ကမ္ဘာပေါ်တွင် ရွှေစံချိန်စနစ်ကို မည်သည့်နိုင်ငံငွေ ကြေးကိုမျှ အသုံးပြုထားခြင်းမရှိတော့ကြောင်း သိ ရသည်။

No comments:

Post a Comment