Pages

Monday, July 8, 2019

နျူကလီးယား အစီအစဉ် အရှိန်မြှင့်မည်ဟု ကြေညာခဲ့သည့် အီရန်အား ထရမ့် သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ သတိထားရင် ပိုကောင်းမယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အီရန်နိုင်ငံက ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ကျော်လွန်ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့်တင်သွားမယ်လို့ ကြေညာပြီး နာရီပိုင်းအကြာမှာ ထရမ့်က အခုလို သတိပေးလိုက်တာပါ။ ၂၀၁၅ ခုနှစ်မှာ အီရန်က နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။



ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်က အဲဒီသဘောတူညီချက်နေ နုတ်ထွက်ပြီး အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လည်ချမှတ်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။

အခြေအနေတွေ တင်းမာလာတဲ့ လက္ခဏာကြောင့် ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်မှာ ပါဝင်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့က အီရန်အစိုးရရဲ့ ခြေလှမ်းသစ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။ အီရန်ကတော့ နျူကလီးယားလက်နက် တီထွင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

No comments:

Post a Comment