
‘‘ဒီလိုပြန်ပို့ရတာကတော့ ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်း ကျင်ကို ကာကွယ်ချင်လို့ပါ။ အထူးသဖြင့် အရှေ့ဂျာဗားမှာ ပေါ့’’ဟု အန္တရာယ်ရှိပြီး အဆိပ်ဖြစ်စေသော အမှိုက်များကို ရည်ညွှန်း ၍ အဆိုပါ တာဝန်ရှိသူက ပြော သည်။ အင်ဒိုနီးရှားကုမ္ပဏီ PT MDI ၏ အကူအညီဖြင့် ဩစတြေးလျကုမ္ပဏီတစ်ခုက အင်ဒိုနီးရှား နိုင်ငံသို့ အဆိုပါ အမှိုက်ကွန်တိန် နာများ တင်ပို့ခဲ့သည်။ ပြည်ပ ပလတ်စတစ်အမှိုက် များ တင်သွင်းမှုကို ၂၀၁၈ တွင် တရုတ်နိုင်ငံက တားမြစ်ပိတ်ပင် ခြင်းကြောင့် ဖွံ့ဖြိုးပြီး တိုင်းပြည်များအနေဖြင့် ၎င်းတို့၏ အမှိုက် များကို စွန့်ပစ်ရေး နေရာသစ် ရှာဖွေရန် အခက်ကြုံနေသည်။
No comments:
Post a Comment