Pages

Saturday, July 6, 2019

မြဝတီမြို့ အမှတ်(၂) ချစ်ကြည်ရေးတံတားကြီးနှင့် အာရှလမ်းမကြီး လမ်းဆုံ၌ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိ၊ အချိန်မီရှင်းလင်းခဲ့ရ

Image may contain: one or more people မြန်မာ-ထိုင်း နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ရေပူရပ်၊ အမှတ် (၂) ချစ်ကြည်ရေးတံတား လမ်းမကြီးဆုံရာ မီးပွိုင့်နေရာ၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ထောင်ထားသည်ကို တွေ့ရှိခဲ့၍ နယ် မြေခံတပ်မတော်သားများမှ အချိန် မီရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ မြဝတီမြို့ အမှတ် (၅)ရပ်ကွက်၊ ရေပူရပ်၊ အမှတ် (၂)ချစ်ကြည်ရေးတံတားလမ်းမ ကြီးနှင့်အာရှလမ်းမကြီးဆုံရာ မီး ပွိုင့်နေရာရှိ ယာဉ်ထိန်းကင်းတဲ အောက်ခြေ၌ အလျားတစ်ပေ၊ အနံခြောက်လက်မခန့်ရှိ ၆၀မမ၊ ဗုံးသီးဟောင်းတစ်လုံးအား တိတ် အနက်ပတ်လျက် စနက်တံဖြင့် ဆက်သွယ်ထားသော ဝိုင်ယာကြိုး ပါ ဒေသန္တရလက် လုပ်ချိန်ကိုက် မိုင်းတစ်လုံးအား ဇူလိုင် ၄ ရက် နံနက် ၈နာရီက ပန်းရန်အလုပ် သမားနှစ်ဦးက စတင်တွေ့ရှိပြီး တာဝန်ရှိသူများထံ အကြောင်း ကြားခဲ့သည့်အတွက် နံနက် ၈ နာရီခွဲတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးသန့်နှင့် ရဲတပ် ဖွဲ့ဝင်များ၊ နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးနိုင် လင်းဦးနှင့် တပ်မတော်သားများ က သွားရောက်ကြည့်ရှုစစ်ဆေး ပြီး ချိန်ကိုက်မိုင်းအား ရှင်းလင်း ခဲ့သည်။

"ဒါကတော့ ရှင်းပါတယ်။ အဖျက်အမှောင့်လုပ်တာပေါ့။ အခုအမှတ် (၂) ချစ်ကြည်ရေးတံ တားကြီးက မကြာမီကုန်တင် ယာဉ်တွေဖြတ် သန်းသွားလာ တော့ မယ်။ စီးပွားရေးကုန်သွယ် မှုတွေကောင်းလာမယ်။ ဒါတွေ ကို မလိုလားဘဲ အဖျက်လုပ်ငန်း လုပ်တာပေါ့။ နောက်ပြီး ဒီဒေ သန္တရလက်လုပ်မိုင်းဟာ ပေါက်ကွဲ မှုအားပြင်းထန်ပြီး လူတွေသေဆုံး နိုင်တယ်။

အဝေးထိန်းရီမုနဲ့ဖောက် ခွဲနိုင်တဲ့ လက်လုပ်မိုင်းအဖြစ် စစ် ဆေးတွေ့ရှိရတယ်။ ဒါကို နယ် မြေခံစစ်မြေပြင်အင်ဂျင်နီယာ တပ်မတော်သားတွေက အချိန်မီ ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ တွေ့ ရှိတဲ့ ပြည်သူနှစ်ဦးကိုလည်း အချိန်မီ ရှင်းလင်းဆောင်ရွက်နိုင်အောင် သတင်းပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ် " ဟု မြဝတီမြို့ နယ်မှ နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ ရဲ အရာရှိတစ်ဦးက ပြောကြားသည်။ ယခင်ကလည်း မြဝတီမြို့၌ မိုင်း ထောင်မှုနှင့်မိုင်းပေါက်ကွဲမှုဖြစ်စဉ် များ မကြာခဏဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။

No comments:

Post a Comment