Pages

Tuesday, July 2, 2019

အစ္စရေး ဂီတပညာရှင် ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း စန်လူးဝစ်ပိုတိုစီမြို့က ကပွဲကလပ်တခုမှာ ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက အစ္စရေး အီလက်ထရောနစ် ဂီတပညာရှင် ဒီဂျေရိုနန်ဒါဟန်ကို အသေပစ်သတ်ခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။ လက်နက်ကိုင် အမျိုးသားတအုပ်စုဟာ မြို့တောင်ပိုင်းက ကလပ်ထဲကို စနေနေ့က ဝင်လာခဲ့ပြီး ပစ်ခတ်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ဒါဟန် သေဆုံးပြီး တခြားလူ ၃ယောက် ဒဏ်ရာရတယ်။



ဒါဟန်ဟာ ကလပ်မှာ ဖျော်ဖြေနေခဲ့ကြောင်း ယုံကြည်ရတယ်လို့ ပြည်နယ် အစိုးရ ရှေ့နေချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒဏ်ရာရသူ တယောက်က ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့ပါတယ်။ ပစ်ခတ်သူတွေက ကလပ် အဆောက်အဦထဲက ထွက်သွားပြီး ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူးလို့ ကြေညာချက်က ပြောပါတယ်။

ပစ်ခတ်ရတဲ့ နောက်ခံ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ ဒါဟန်ဟာ ပြင်သစ်မှာ မွေးပြီး အစ္စရေးမှာ ကြီးပြင်းခဲ့တယ်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ အခြေချ နေထိုင်တယ်လို့ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာက ဆိုပါတယ်။

ဂီတအယ်လ်ဘမ်ပေါင်း ဆယ်ချပ်ထက်မနည်း ဖြန့်ချိထားပြီး ကမ္ဘာပတ် ဖျော်ဖြေရေး ခရီးစဉ် အတော်များများမှာ ပါဝင်ဖျော်ဖြေထားတယ်လို့လည်း ဆိုပါတယ်။

No comments:

Post a Comment