Pages

Friday, July 12, 2019

မိတ္ထိလာမြို့နယ် ဝန်ဇင်းရပ်ကွက်၌ စစ်ကျန်ဗုံးသီးဟောင်း(၆) လုံးတွေ့ရှိ

မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်းရှိ ရေကန်အနီးမှ ဇူလိုင်လ ၁၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်က တွေ့ရှိခဲ့ကြောင်း သိရသည်။ မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၇)အတွင်း ဗုံးသီးဟောင်းများ တွေ့ရှိထားကြောင်း သတင်းအရ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဝန်ဇင်းရပ်ကွက် နယ်မြေ(၇)ရှိ ဦးသိန်းအောင် (၇၆)နှစ်၏ နေအိမ်ခြံဝန်းအရှေ့ဘက် ရေကန်အနီးမှ အလျား (၁၃)လက်မ လုံးပတ်(၁၃)လက်မ ထု(၄)လက်မခန့်ရှိ အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး၊ အလျား(၁၂)လက်မ လုံးပတ်(၁၁)လက်မ ထု(၄)လက်မခန့်ရှိ အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၂)လုံး၊ အလျား(၁၅)လက်မ လုံးပတ် (၁၂)လက်မ ထု(၄)လက်မခန့်ရှိ အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး၊
အလျား(၉)လက်မ လုံးပတ် (၉)လက်မ ထု(၃)လက်မခန့်ရှိ အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး၊ အလျား(၁၁)လက်မ လုံးပတ်(၁၀)လက်မ ထု(၃)လက်မခန့်ရှိ အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၁)လုံး၊ စုစုပေါင်း အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၆)လုံးတွေ့ရှိခဲ့ရာ ၎င်း အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း (၆)လုံး မှာ လွန်ခဲ့သော(၃)နှစ်ခန့် အမဲလိုက်ရာတွင် တောထဲမှ တွေ့ရှိသဖြင့် ကောက်ယူခဲ့သော ဗုံးသီးများဖြင့်ပြီး နေအိမ်ခြံဝန်းအတွင်းတွင် ထားရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးအမည်မသိ စစ်ကျန်ဗုံးသီးဟောင်း(၆)လုံးကို အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက အမှတ်(၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment