Pages

Saturday, July 6, 2019

ပန်းချီဝလုံး၏ ခြောက်ကြိမ်မြောက် ပန်းချီပြပွဲတွင် မဖွယ်မရာပြုကျင့်ခံရသည့် ကလေးငယ်များအတွက် အစီအစဉ်ပါဝင်မည်

မဖွယ်မရာပြုကျင့်ခံရ သည့် ကလေးငယ်များအတွက် ၀မ်းနည်းကြေကွဲမှုကို ဖော်ပြသည့် အနေဖြင့် ခြောက်ကြိမ်မြောက်တစ်ကိုယ်တော်ပန်းချီပြပွဲ ဖွင့်ပွဲ၌ အစီအစဉ်တစ်ခု ပြုလုပ်ထားကြောင်း ပန်းချီဝလုံးကပြောကြားသည်။ ‘‘ကလေးတွေက တယော ထိုးနေတဲ့အချိန်မှာ ဗစ်တိုးရီးယားလို ကလေးတွေနဲ့ ပတ်သက်ပြီးမြင်တဲ့အမြင် ကလေးတွေ၊ လုံခြုံမှုမရှိတာ၊ ထိရောက်အောင်မဖော်ထုတ်နိုင်တာတွေကို Life  Painting လုပ်မယ်။ အမှန်က ပွဲမှာမပါဘူး။ ဒီရက်မှာ စိတ်မကောင်းဖြစ်လို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ချမယ်ဆိုပြီးလုပ်ဖြစ်တာ’’ဟု ၎င်းကပြောသည်။



ပန်းချီဝလုံး၏ ခြောက်ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲကို ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ လောကနတ်ပန်းချီပြခန်း၌ ပြုလုပ်မည်ဖြစ်ပြီး အထက်ပါအစီအစဉ်ကို ဖွင့်ပွဲဖြစ်သည့် ဇူလိုင် ၆ ရက်ညနေတွင်ပြုလုပ်မည်ဖြစ်သည်။

 ‘‘ဒီနှစ်ကတော့ ကျွန်တော် တို့ဆီမှာ တဖြည်းဖြည်း နယ်ပယ် က ကျဉ်းလာပြီ။ တစ်ဦးနဲ့တစ်ဦး   အပြန်အလှန်လေးစားမှုကလည်း နည်းလာပြီ။ အဲဒါကြောင့် နယ် ပယ်အသီးသီးက လူတွေရဲ့အ ကြောင်းကို အခုခေတ်ပုံစံနဲ့ ပြန် ရေးထားတယ်။ ဒီခေတ်လူတွေ  တန်ဖိုးထားစေချင်လို့’’ဟု ပန်းချီ ၀လုံးကပြောသည်။  ပန်းချီဝလုံး၏ ငါးကြိမ် မြောက် ပန်းချီပြပွဲကို ၂၀၁၇ က Dancing with the Naga အ မည်ဖြင့် The Gallery Cafe ၌ ပြုလုပ်ခဲ့သည်။

No comments:

Post a Comment