Pages

Saturday, July 6, 2019

မန်းအိမ်ခြံမြေဈေးကွက် အတွင်း ငှားရမ်းခနှုန်း အနည်းဆုံး ၂ဝ ရာခိုင်နှုန်းမြင့်တက်လာ

ဝါတွင်းကာလရောက်ရှိတော့မည်ဖြစ်သော ကြောင့် မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း အငှားဈေးကွက်မှာသိသာစွာ သွက်လက်လှုပ်ရှားလျက်ရှိပြီး ငှားရမ်းခ ဈေးနှုန်းများမှာလည်း ယခင်နှစ်ကထက် အနည်းဆုံး ၂ဝ ရာခိုင် နှုန်းမြင့်တက်လာနေကြောင်း အကျိုးတော်ဆောင်လုပ်ငန်းများနှင့် ပွဲစားများထံမှ သိရသည်။



”အခုအချိန်မှာတော့ အရောင်းအဝယ်ထက် အငှားရှာပေးရတာက ပိုမိုများပြားနေတာဖြစ်ပါတယ်။ မိသားစုလိုက်နေထိုင်နိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကအိမ်တစ်လုံးရဲ့ တစ်လတာငှားရမ်းခဟာ မနှစ်ကကျပ် ၇ဝဝဝဝ လောက်ပဲရှိပေမယ့် ဒီနှစ်မှာတော့ ကျပ် ၉ဝဝဝဝ လောက်အထိ တိုးတောင်းလာကြပါတယ်။ မြို့တွင်းပိုင်းမှာတော့ စီးပွားရေးအတွက် ဆိုင်ခန်းဖွင့်လို့ရသလို လူနေထိုင်လို့ပါရတဲ့ အ ဆောက်အအုံတွေကို ငှားရမ်းသူတွေက ပိုမိုစိတ်ဝင်စားမှုရှိပါတယ်။ မြို့သစ်ဘက်ပိုင်းက ကျပ်သိန်းတစ်ထောင်အောက် မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေကွက်တွေကို နှစ်ပြတ်နဲ့ပဲငှားရမ်းမှုများလာတာကြောင့် တန်ဖိုးကြီးမြေကွက်တွေဟာ အရောင်း အဝယ်ပါးနေဆဲပါ”ဟု မန္တလေးမြို့တွင် အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် ဦးကျော်ဝင်းက ဇူလိုင် ၃ရက်တွင် ဒီမို ကရေစီတူဒေးသို့ ပြောကြားသည်။

မန္တလေးမြို့တွင်းပိုင်းရှိ လမ်းမတန်းမြေကွက်များမှာ ဈေးနှုန်းငြိမ်သက်နေ၍ အရောင်းအဝယ်ဖြစ်မှုမရှိဘဲ မြို့သစ်ပိုင်းရှိ တတ၊ ထထ၊ ဒဒ အပိုင်းမှ မြေကွက်များမှာ အရောင်းအဝယ်လှုပ်ရှားနေ ခြင်းဖြစ်ကာ မြို့တွင်းအဓိကအချက်အချာ လမ်းမကြီးနေရာများမှာ ငှားရမ်းလိုမှုအသွက်ဆုံးဖြစ်နေကြောင်း၊ အိမ်ခြံမြေပေါက်ဈေးများအနေဖြင့် မန္တလေးစက်မှု(၁) အနီးရှိ လမ်းမေးတင်မြေကွက်များမှာ ကျပ်သိန်း ၁၃ဝဝမှ ၃ဝဝဝ အထိနှင့် ကြားကွက်များသည် ကျပ်သိန်း ၁ဝဝဝခန့်၊ မြို့သစ်ဘက် တတ၊ ထထ၊ ဒဒ အပိုင်းမှ လမ်း မေးတင်မြေကွက်များမှာ ကျပ်သိန်း ၁ဝဝဝ မှ ၂ဝဝဝ အထိနှင့် ကြား ကွက်များမှာ ကျပ်သိန်း ၄ဝဝမှ ၈ဝဝအထိ၊ မြရည်နန္ဒာမြို့သစ်နှင့် လမ်း၅ဝ၊ ၅၁လမ်းနှင့် ၅၂လမ်းဘက်ရှိ လမ်းမေးတင်မြေကွက်များမှာ ကျပ်သိန်း ၁၃ဝဝ မှ ၂ဝဝဝ အထိရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

No comments:

Post a Comment