Pages

Friday, July 5, 2019

ဆူဒန်စစ်ဘက်ကောင်စီနှင့် အတိုက်အခံကြား အာဏာခွဲဝေရေး သဘောတူညီချက်ရ

ဆူဒန်စစ်ဘက်ကောင်စီနဲ့ အတိုက်အခံ ဆန္ဒပြအဖွဲ့ မဟာမိတ်တို့အကြား အာဏာခွဲဝေရေးနဲ့ ပတ်သက်လို့ ဇူလိုင် ၅ ရက်နေ့မှာ သဘောတူညီချက်ရခဲ့ပြီး လူပေါင်းထောင်ချီ လမ်းပေါ်ထွက် ပျော်ပွဲဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်မှာ နှစ်ဖက်စလုံးက မြို့တော် ခါတွန်မှာ ဆွေးနွေးခဲ့ကြပြီး အသွင်ကူးပြောင်းရေးကာလ ၃ နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး စစ်ဘက်နဲ့ အရပ်ဘက်အကြား တလှည့်စီ အချုပ်အခြာအာဏာပိုင်ကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့ပါတယ်။


ဒါ့အပြင် နှစ်ဖက်ဟာ သီးခြားပညာရှင်ဦးစီးတဲ့ အစိုးရတရပ် ဖွဲ့စည်းရေးနဲ့ မကြာသေးခင်က အကြမ်းဖက်ဖြစ်ရပ်တွေကို စုံစမ်းဖို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ဖို့ကိုလည်း သဘောတူခဲ့ပါတယ်။

ဥပဒေပြုကောင်စီဖွဲ့စည်းရေး ရွှေ့ဆိုင်းဖို့လည်း သဘောတူခဲ့ပါတယ်။ အဲဒီလို သဘောတူညီချက်ရတဲ့သတင်း ထွက်ပေါ်ပြီးနောက်မှာတော့ နိုင်းမြစ်တဖက်ကမ်းက အွမ်ဒူမန်မြို့ လမ်းတွေပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ခဲ့ပါတယ်။

အရွယ်သုံးပါးမရွေး အရေအတွက်ထောင်ချီတဲ့ ပြည်သူတွေက လမ်းပေါ်ထွက်ပြီး “အရပ်ဘက်အုပ်ချုပ်ရေး” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

No comments:

Post a Comment