Pages

Saturday, July 13, 2019

မြန်မာအမျိုးသမီးအသင်း အာဆီယံပြိုင်ပွဲအဖွင့်ပွဲတွင် အင်ဒိုနီးရှားနှင့်တွေ့ဆုံ

 မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။  ၂၀၁၉ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် ကျင်းပမည်ဖြစ်ပြီး ရှစ်သင်းက အုပ်စုနှစ်ခု ခွဲ၍ ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(ခ) တွင်ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု (က) တွင် အိမ်ရှင် ထိုင်း၊မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်းတို့ ပါဝင်သည်။



မြန်မာအမျိုးသမီး အသင်းသည် အုပ်စု (ခ) အဖွင့်ပွဲအဖြစ် သြဂုတ် ၁၆ ရက်တွင် အင်ဒိုနီးရှား၊ ၁၈ ရက်၌ ကမ္ဘောဒီးယား၊ ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စုနှစ်ခု မှ အမှတ်အများဆုံး နှစ်သင်းစီက အကြိုဗိုလ်လုပွဲသို့ တက်ရောက်မည် ဖြစ်သည်။ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို သြဂုတ် ၂၅ရက်တွင် ကျင်းပမည်ဖြစ်ပြီး တတိယလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၂၇ ရက်၌ ကျင်းပမည် ဖြစ်သည်။  မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက တာဝန်ယူပြီး လက်ရှိတွင် ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်နေ သည်။

No comments:

Post a Comment