လက်ရှိ ကျင်းပလျှက်ရှိသော Copa America ဘောလုံးပွဲ ဆီမီးဖိုင်နယ်ပွဲတွင် ပီရူးအသင်း အနိုင်ရရှိစေရေးအတွက် ပီရူးနိုင်ငံ လီမာမြို့တွင် ပီရူးရှားမန်းဆရာ(Shaman)များက ဂမ္ဘီရ အစီအရင်များ ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။ ”ဒီနေ့ ကျုပ်တို့ဟာ အရိပ်မည်းကြီးကို ထိုးနှက်ကြရမယ်။ ပြီးတော့ကာ ကျုပ်တို့ကို ဖြစ်စေချင်နေတာရဲ့ ပြောင်းပြန်ကို ဖြစ်လာအောင်လုပ်ရမယ်။ နောက်နေ့မှာ ပီရူးအသင်းနိုင်ရမယ်လို့ မျှော်လင့်တယ်။ ချီလီအသင်းသားတွေဟာ သူတို့အတော်ဆုံးလို့ ထင်နေကြတယ်။ ဒါပေမယ့် နက်ဖြန်ခါကျရင် ပီရူးအသင်းကနိုင်မှာဆိုတော့ သူတို့ ငိုကြရလိမ့်မယ်”ဟု ရှားမန်းဆရာတစ်ဦးကပြောသည်။
No comments:
Post a Comment