Pages

Saturday, July 6, 2019

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စတင်နိုင်ရန် EIA/SIA ဆောင်ရွက်ရဦးမည်ဟု ဆို

Image may contain: outdoorကျောက်ဖြူအထူးစီးပွားရေးဇုန်ကို EIA/SIA ဆောင်ရွက်ပြီးမှသာ Master Plan ရေးဆွဲ၍ စီမံကိန်း စတင်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးလေ့လာဆန်းစစ်မှု (EIA/SIA) သည် ၂ နှစ်ကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။ “EIA/SIA လုပ်တာတင် အချိန် ၂ နှစ်ကြာမယ်။ အဲဒါပြီးမှ စီမံကိန်းစတင်နိုင်မှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်မယ့် အထူးစီးပွားရေးဇုန် ၂ ခုရှိတယ်။ ထားဝယ်နဲ့ ကျောက်ဖြူပေါ့။ ကျောက်ဖြူကတော့ စနေပြီ။ မြန်မာတွေကိုပဲ အလုပ်အကိုင်အခွင့်အလမ်း ရာနှုန်းပြည့်နီးပါးပေးမယ်လို့ သူတို့ဘက်က ကတိပေးထားတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် စီမံကိန်းစတင်ဆောင်ရွက်ပါက ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပထမအဆင့်တွင် သင်္ဘောကျောက်ချ လုပ်ငန်းနှင့် ဆိပ်ခံတံတားနှစ်ခုတည်ဆောက်သွားမည်ဖြစ်ပြီး ယင်းအတွက် ကုန်ကျငွေကို ကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလျံထက်မကျော်အောင် သုံးစွဲသွားမည်ဖြစ်ကာ စီမံကိန်းပြီးဆုံးပါက တန်ချိန်မြင့်သင်္ဘောများ ဆိုက်ကပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၃၀ ရာခိုင်နှုန်း နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် သဘောတူညီခဲ့ပြီး စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် သဘောတူထားသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်ကိုသာ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းစတင်နေသော်လည်း ထားဝယ်အထူးစီးပွားရေးဇုန်မှာ အမြန်ဆုံး စတင်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ ယင်းစီမံကိန်းသည် လုံးဝရပ်ဆိုင်းထားသည့် စီမံကိန်းဖြစ်ပြီး အသစ်ပြန်လည်စတင်ရသည့် စီမံကိန်းဖြစ်သည့်အတွက် အချိန်ကာလကြာမြင့်ဦးမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment