Pages

Tuesday, July 2, 2019

Facebook ထံပို့လိုက်တဲ့ ပါဆယ်ထုတ်မှာ အဆိပ်ဓာတ်တွေ့လို့ ရွှေ့ပြောင်းမှုတွေလုပ်ခဲ့ရ

ဒေသစံတော်ချိန် တနင်္လာနေ့ (ဇူလိုင် ၁ ရက်) မနက် ၁၁ ဝန်းကျင်မှာ အဆိုပါ ပါဆယ်ထုပ်နဲ့ ထိတွေ့ခဲ့သူတွေမှာတော့ ဆာရင်အဆိပ်သင့် လက္ခဏတစ်စုံတရာ မတွေ့ရဘူးလို့ Facebook အခြေစိုက်ရာ Menlo Park မြို့မှ မီးသတ်ဌာနတာဝန်ရှိသူ Jon Johnston က ပြောခဲ့ပါတယ်။ အဆိပ်ဓာတ်ပါရှိကြောင်း သံသယဖြစ်ဖွယ် ပါဆယ်ထုပ်ကို စစ်ဆေးတွေ့ရှိပြီးနောက် Facebook ရုံးချုပ်ရဲ့ အဆောက်အအုံလေးခုမှာ ရှိနေသူတွေကို ရွှေ့ပြောင်းစေခဲ့ပြီး လူနှစ်ဦးကို အဆိပ်သင့်နိုင်မှုအတွက် စမ်းသပ်စစ်ဆေးနေကြောင်း သိရပါတယ်။



"Facebook ရဲ့ ပေးစာနဲ့ပါဆယ်လက်ခံဌာနက သူတို့ဆီရောက်လာတဲ့ ပါဆယ်ထုပ်အားလုံးကို စစ်ဆေးခဲ့ရာမှာ တစ်ထုပ်မှာက ဆာရင်ဖြစ်နိုင်ဖွယ်ရှိတဲ့ အဆိပ်ဓာတ်ပါနေတယ်လို့ တွေ့ခဲ့ရတယ်၊ အဲဒီတော့ သူတို့က သူတို့ရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့ကြပါတယ်၊ ဆာရင်အဆိပ်ဓာတ်တွေ့ရတယ်ဆိုတာ ဟုတ်သလား ဒါမှမဟုတ် မဟုတ်ဘူးလားဆိုတာ အတည်ပြုနိုင်ဖို့ အခု ကျွန်တော်တို့ စောင့်နေပါတယ်" လို့ Johnston က ပြောပါတယ်။

ပါဆယ်ထုတ်တစ်ထုပ်မှာ အဆိပ်ဓာတ် တွေ့ရပြီးနောက် ကုမ္ပဏီက အဆောက်အအုံလေးခုကနေ လူတွေကို ရွှေ့ပြောင်းမှုလုပ်ဆောင်ခဲ့ကြောင်းနဲ့ ယခုဖြစ်ရ့ပ်ကို စုံစမ်းစစ်ဆေးရာမှာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း Facebook ပြောခွင့်ရအမျိုးသား Anthony Harrison က ဆိုပါတယ်။

"စစ်ဆေးမှုမှာ တွေ့ရတဲ့ အဆိပ်ဓာတ်က ဘာလဲဆိုတာ အာဏာပိုင်တွေက မဖော်ထုတ်ရသေးပါဘူး၊ လက်ရှိမှာတော့ လူတွေကို ရွှေ့ပြောင်းစေခဲ့တဲ့ အဆောက်အအုံးတွေထဲက သုံးခုမှာ ပြန်နေလို့ရနေပါပြီ" လိုက Harrison က ဆက်လက် ပြောပါတယ်။ ယခုဖြစ်ရပ်ကို FBI ရဲ့ ဆန်ဖရန်စစ္စကိုရုံးမှ အေးဂျင့်တွေကလည်း ပူးပေါင်းစစ်ဆေးနေကြောင်း FBI ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့ပါတယ်။ ဆာရင်အဆိပ်ဓာတ်ဟာ အာရုံကြောစနစ်ကို ပျက်စီးစေနိုင်ပြီး ဓာတုလက်နက်တစ်ခုအဖြစ် အသုံးပြုကြပြီး ဆာရင်အဆိပ်သင့်ပါက သေဆုံးနိုင်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

No comments:

Post a Comment