MDA အသင်း၏ အဆင့်မြင့်အိမ်ရာ အရောင်းပြပွဲ ကို ၂ရက်ကြာကျင်းပမည်ဟု သိရသည်။ မကြာမီ ကျင်းပမည့် Myanmar Developer Association (MDA) အသင်း၏ အိမ်ရာပြပွဲသည် ပဉ္စမအကြိမ်မြောက် ကျင်းပသည့် အဆင့်မြင့် အိမ်ရာအရောင်းပြပွဲဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ကျင်းပမည်ဟု သိရသည်။ "ရန်ကုန်မြို့ ပါရမီလမ်းရှိ Mingalar Parami Business မှာ ကျင်းပပြုလုပ်သွားမှာပါ။ဘဏ်တွေနဲ့ တိုက်ရိုက်ချိတ်ပြီးဝယ်ယူလို့ရအောင်လည်း စီစဉ်ထားပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ တိုက်ရိုက်ရောင်းချတာဖြစ်လို့ ဈေးနှုန်းရော၊အရည်အသွေးပါ အာမခံပါတယ်"ဟု အရောင်းပြပွဲ တာဝန်ရှိသူက ရှင်းပြသည်။ အရောင်းပြပွဲတွင် ဆောက်လုပ်ရေးကုမ္ပဏီ ၁၃ ခုပါဝင်ပြသမည်ဟု သိရသည်။
No comments:
Post a Comment