Pages

Saturday, July 13, 2019

MMA ပွဲမှာ မြန်မာဖိုက်တာကယန်းတိုင်းရင်းသူ အနိုင်ရ

 ဇူလိုင် - ၁၂ ည မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ One Championship ရဲ့Master of Destyin ရဲ့ ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံသား ကယန်းတိုင်းရင်းသူ အန်တိုနီယာဟာ ဗီယက်နမ်သူ ဘိုင်နူရမ် ကို အနိုင်ရရှိခဲ့ပါတယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အသုံးပြု တိုက်ခိုက်ရတဲ့ အဲ့ဒီပွဲမှာတော့ ၅ မိနစ်နဲ့ ၃ ချီ တိုက်ခိုက်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာ အမှတ်နဲ့ ဆုံးဖြတ်ကာ အနိုင်ရရှိသွားတာဖြစ်ပြီး၊ အန်တိုနီယာအတွက်တော့ MMA မှာ အနိုင်ပွဲ ထပ်မံရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲအတွက်တော့ အန်တိုနီယာဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ နှစ် လတာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။


မလေးရှားနိုင်ငံတွင် ယနေ့ ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် ကယန်းတိုင်းရင်းသူ အန်တိုနီယာက ဗီယက်နမ်နိုင်ငံသူ ဘီငုရမ်ကို သုံးချီအထိ အကြိတ်အနယ်ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။

‘Masters of Denstiny’ အမည်ဖြင့်ပြုလုပ်မည့် အဆိုပါ MMA ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက်တွင် မလေးရှား နိုင်ငံ၌ ကျင်းပခဲ့ပြီး စတောဝိတ်တန်း အမျိုးသမီးပွဲစဉ်တွင် မြန်မာ နိုင်ငံကိုယ်စားပြု ကယန်းတိုင်းရင်းသူ အန်တိုနီယာနှင့် ဗီယက် နမ်နိုင်ငံသူ ဘီငုရမ်တို့ ထိုးသတ်ခဲ့သည်။

ယင်းပွဲတွင် အန်တိုနီယာသည် လက်သီးထိုးချက်များဖြင့် အားပြုယှဉ်ပြိုင်ခဲ့ပြီး ဘီငုရမ်က ၎င်းအားသာသည့် ခြေကန်ချက်များကို ပြန်လည်ခုခံခဲ့သည်။ ပထမအချီ နှစ်မိနစ်ကျော်၌ ဘီငုရမ်၏ ခြေကန်ချက်ကြောင့် အန်တိုနီယာ လဲကျခဲ့သော်လည်း ပြန်လည် ရုန်းထနိုင်ခဲ့သည်။

ဒုတိယနှင့် တတိယအချီတွင် အန်တိုနီယာက ဘယ်၊ ညာ လက်သီးတွဲလုံးများဖြင့် ဘီငုရမ်ကို တောက်လျှောက် ထိုးသတ်ခဲ့ပြီး အသာစီးရယူနိုင်ခဲ့သဖြင့် ပွဲအပြီး၌ ဒိုင်လူကြီးက အန်တိုနီယာကို အမှတ်ဖြင့် အနိုင်ပေးခဲ့သည်။ ယင်းပွဲအနိုင်ရလဒ်ကြောင့် အန်တိုနီယာသည် ပြည်ပ၌ ပထမဦးဆုံး နိုင်ပွဲ ရယူနိုင်ခဲ့သည်

No comments:

Post a Comment