Pages

Friday, July 12, 2019

သံအမတ်ကြီး Mr. Chen Hai မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများအား တွေ့ဆုံ

Image may contain: 3 people, people smilingမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai သည် ဇူလိုင်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေပြည်တော်၌ မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တို့အား သီးခြားစီတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက်သည် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

No comments:

Post a Comment