တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်အဖွဲ့ Super Junior မှ ကန်ဂင်က ရှစ် လအတွင်း ပထမဆုံးအကြိမ် အင် စတာဂရမ်ပြန်လည်အသုံးပြုပြီး ယင်းအဖွဲ့မှ ၎င်းနုတ်ထွက်တော့ မည့်အကြောင်း ဖော်ပြသည်။ ၁၄ နှစ်ကြာလက်တွဲခဲ့သော အဖွဲ့မှ ထွက်ခွာတော့မည်ကို လေးလံသောနှလုံးသားဖြင့် အသိ ပေးအပ်ပါကြောင်း၊ အဖွဲ့ဝင်အား လုံးကို တောင်းပန်ပါကြောင်း၊ နောက်ဆုံးအချိန်အထိ မိမိကို လေးစားမှုပြခဲ့သောအဖွဲ့ဝင်များ နှင့် မိခင်ကုမ္ပဏီဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ကန်ဂင်က ပြောကြားသည်။ ကန်ဂင်သည် ၂၀၀၅ ကစ၍ Super Junior မူလအဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၇ နိုဝင်ဘာက အဖျော်ယမ ကာဆိုင်တစ်ခု၌ ခိုက်ရန်ဖြစ်ပွား ပြီးနောက် အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခြင်းရပ်တန့်ခဲ့သည်။
No comments:
Post a Comment