ခံစစ်နှင့် တိုက်စစ်အား ပြိုင်ပွဲဟု ၎င်းရှုမြင်သော နာပိုလီ သို့ ခက်ခဲသည့် ခရီးမတိုင်မီ အင် တာမီလန်သည် ထိပ်သီးလေး သင်းနေရာ သေချာပေါက်ရရှိမည် ဟု မယူဆနိုင်ကြောင်း နည်းပြ စပယ်လက်တီက သတိပေးပြော ကြားသည်။ ‘‘နှစ်ပွဲကစားဖို့ ကျန်နေသေး ပြီး ကျွန်တော်တို့အနေနဲ့ အနည်း ဆုံး တစ်ပွဲနိုင်ရမယ်။ ပြီးတော့ ကျွန်တော်တို့က နာပိုလီနဲ့အန္တ ရာယ်ရှိတဲ့ အဝေးပွဲကစားရမယ်။ သူတို့က ဘယ်လောက်အင်အား တောင့်တင်းတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ပြသခဲ့ပြီးသား ပါ။
နောက်ပြီးအခုအဆိုရင်သူတို့ မှာ ကမ္ဘာ့အဆင့်နည်းပြအန်ဆယ် လော့တီလည်း ရှိနေပါပြီ’’ ဟု စ ပယ်လက်တီက ပြောသည်။ ချီယေဗိုနှင့်ပွဲသည် မတူညီ သောပွဲတစ်ပွဲဖြစ်နိုင်သော်လည်း နာပိုလီသည် စုစည်းမှု အလွန် ကောင်းပြီး မိမိတို့ကို အမှန်တ ကယ် ဒုက္ခပေးနိုင်သည်ဟု စပယ် လက်တီက ပြောသည်။
လိုရန်ဇိုအင်ဆိုင်းနှင့် မာ တင်တို့ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ဂိုးအများအပြားသွင်းယူထားသော နာပိုလီနှင့်ပွဲတွင်မိမိတို့ခံစစ်က အရေးပါမည်ဟုစပယ်လက်တီက ပြောသည်။
သို့သော် မိမိတို့အသင်းသည် စီးရီးအေတွင် အကောင်းဆုံးနောက်တန်းကို ပိုင်ဆိုင်ထားသည်ဟု အင်တာမီလန်နည်းပြက ပြောကြားပြီး နာပိုလီနှင့်မိမိတို့ ထိပ်တိုက်တွေ့ခြင်းသည် အလွန်စိတ်ဝင်စားစရာကောင်းမည်ဟု၎င်းက ထပ်လောင်းပြောသည်။
နာပိုလီက ၇၆ မှတ်ဖြင့် ဒုတိ ယနေရာ၌ ရှိနေသော်လည်း အင် တာမီလန်က ၆၆ မှတ်ဖြင့်တတိယ၊ အတ္တလန်တာက ၆၅ မှတ်ဖြင့် စတုတ္ထ အသီးသီးရှိနေကာ အေစီ မီလန်နှင့် ရိုးမားတို့က ၆၂ မှတ် ဖြင့် နံပါတ် (၅)နှင့် (၆) နေရာ ရ ယူထားပြီး အင်တာနှင့် အတ္တလန် တာကို ဖိအားပေးနေသည်။
No comments:
Post a Comment