၂၀၁၉ အတွင်း ပြည်ပ သို့ ချုပ်ပြီးထည် တင်ပို့မှုမှ ဒေါ်လာ ငါးဘီလီယံခန့် ဝင်ငွေရရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြော ကြားသည်။ လုပ်သား ငါးသိန်းခန့်ဖြင့် လည်ပတ်နေသော အထည်ချုပ် ကဏ္ဍသည် ယခုနောက်ပိုင်း အ များဆုံး ပို့ကုန်ဖြစ်လာသည်။ ‘‘မြန်မာနိုင်ငံရဲ့ ပို့ကုန်တိုး တက်မှုမှာ အထည်ချုပ်တင်ပို့မှုက တိုးတက်မှုအများဆုံးပဲ’’ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။
ယခုဘဏ္ဍာနှစ် ရှစ်လအ တွင်း မြန်မာနိုင်ငံမှ ချုပ်ပြီး အထည်တင်ပို့မှုပမာဏ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံ ၏ ပို့ကုန်ပမာဏ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော် ရှိနေသည်။ ပြည်ပအထည်ချုပ်တင်ပို့မှု တန်ဖိုးသည် ၂၀၁၈ တွင် ဒေါ်လာ လေးဘီလီယံရရှိမည်ဟု ခန့်မှန်းသော်လည်း နှစ်ကုန်ချိန်၌ ၄ ဒသမ ၂ ဘီလီယံရရှိခဲ့သည်။ ၂၀၁၇ တွင် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံခန့် ရရှိခဲ့သည်။
၂၀၁၄ နောက်ပိုင်း တစ်နှစ် ပို့ကုန်ပမာဏ ၃၀ ရာခိုင်နှုန်းခန့် ပုံမှန်တိုးတက်သော အထည်ချုပ် လုပ်ငန်းများတွင် ယခုနောက်ပိုင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အ များဆုံး ဝင်ရောက်နေသည်။ ‘‘ဒီကို အများဆုံးလာနေတာ တရုတ်ပဲ’’ဟု ဦးမြင့်စိုးက ပြော သည်။ တစ်လလျှင် စက်ရုံသုံးရုံမှ လေးရုံအကြား တိုးတက်နေသည် ဟု ၎င်းက ဆိုသည်။ ထို့အပြင် ဥရောပသမဂ္ဂအ ဖွဲ့ဝင် နိုင်ငံအများစုက အထည် ချုပ်ပေးရန် အမှာများစွာ ရနေ သည်ဟု လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။
ကုန်သွယ်မှု အထူးအခွင့် အရေး (GSP)ကြောင့် သွင်းကုန် ခွန်ကင်းလွတ်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံ အနေဖြင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြိုက် အဝတ်အထည်များကို ထုတ်လုပ် ခွင့်ရပြီး အလုပ်အကိုင်အခွင့်အ လမ်းများ ပိုရလာသည်။
အထည်ချုပ်ကဏ္ဍရှိ လုပ် သားများက မိသားစုသို့ ပြန်လည် ထောက်ပံ့ငွေသည် တစ်လလျှင် ဒေါ်လာ ၃၂ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းတာဝန်ရှိသူအချို့ က ပြောကြားသည်။
နှစ်စဉ်တိုးတက်နေသော အ ထည်ချုပ်ကဏ္ဍအတွက် GSP အခွင့်အရေးတားဆီးခံရမည့် အခြေအနေက လက်တလော သက် သာခွင့်ရထားသည်။ မြန်မာနိုင်ငံသို့ ပေးအပ်ထား သော ကုန်သွယ်မှုအထူးအခွင့်အ ရေး (EBA) ရုပ်သိမ်းရန် မဆုံးဖြတ်ဘဲ စောင့်ကြည့်ရေးမစ်ရှင်အဖွဲ့ ဆက်လက်ထားရှိရန် သဘော တူညီကြောင်း မေလ ၁၆ ရက် အစည်းအဝေးအပြီး ဥရောပသမဂ္ဂ က သတင်းထုတ်ပြန်သည်။
No comments:
Post a Comment