ဟာဇက် အသင်းကိုပြောင်းရွှေ့လာဖို့ အများကြီး မျှော်လင့်ထားတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီး တောင်ပံတိုက်စစ်ကစားသမား ဟာဇက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေပြီး ရီးရဲလ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတာပါ။ ဟာဇက်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်ပြီး အခုနှစ်မှာ အသင်းကို ပြောင်းရွှေ့လာဖို့ အများကြီး မျှော်လင့်ထားသလို အများကြီးလည်း စိတ်ဝင်တစား ဖြစ်နေတယ်လို့ ရီးရဲလ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်က ဝန်ခံ ပြောကြာသွားပါတယ်။ ဟာဇက်ကို ခေါ်ယူဖို့အတွက် လွန်ခဲ့တဲ့နှစ်တွေကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုချိန်အထိ အောင်မြင်မှု မရသေးဘူးလို့လည်း ပီရက်ဇ်က ဝန်ခံပြောကြားသွားပါတယ်။ ချဲလ်ဆီးအသင်းဘက်ကတော့ ဟာဇက်အတွက် ပေါင်သန်း ၁၃၀ ရဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment