Pages

Tuesday, May 28, 2019

လာအိုရောက် မြန်မာအလုပ်သမားများ တရားဝင်နေထိုင်ခွင့်ရရှိရန် ညှိနှိုင်းနေ

လာအိုနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေကို တရားဝင်နေထိုင်ခွင့်ရှိပြီး ဥပဒေအရ အကာအကွယ် ရရှိစေဖို့အတွက် လာအိုနိုင်ငံအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ မေလ ၂၈ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးဖြေဆိုမှုအပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းတာကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အခုလိုဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရားမဝင်လမ်းကြောင်းကနေ လာအိုနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၄၀၀၀၀  ဝန်းကျင်လောက်ရှိနေပြီလို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

No comments:

Post a Comment