Pages

Sunday, May 12, 2019

ကားအရောင်းပြခန်း ဖွင့်လှစ်ထားသော ကုမ္ပဏီ ၇၀ ခန့် ပိတ်သိမ်းပြီး ကုမ္ပဏီ ၁၀၀ ကျော်ကို ဖျက်သိမ်း

ကားအရောင်းပြခန်း ဖွင့်လှစ်ထားသော   အရောင်းပြ ခန်း ၃၀၀ ခန့်အနက် ကုမ္ပဏီ ၆၉ခုကို ပိတ်သိမ်းပြီး  ကုမ္ပဏီ ၁၀၆ ခုကို ဖျက်သိမ်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ အဆိုပါ အရောင်းပြခန်းများ ပိတ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်းများသည် ၀န်ကြီးဌာနက ဆောင်ရွက်ခြင်း မဟုတ်ဘဲ စီးပွားရေးအခြေအနေအရ  လုပ်ငန်းရှင်ဘက်မှ ဆောင်ရွက်ခြင်းဖြစ်သည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။



သို့သော် သက်တမ်းရှိနေ သည့် ကုမ္ပဏီ ၁၂၀ ကိုလည်း ထုတ်ပြန်ကြေညာထားသည်။ ကားအရောင်း ပြခန်းများသည် ၀န်ကြီးဌာနသို့ ကျပ်သိန်း ၁,၅၀၀ အပေါင်တင်၍ ဖွင့်လှစ်ထားခြင်းဖြစ်သည် ဟု ၀န်ကြီးဌာနက ဆိုသည်။

၂၀၁၈ ဇန်န၀ါရီ ၁ ရက်ကစတင်၍ ဂျပန်ကားညာ မောင်းများတင်သွင်းမှု လုံးဝရပ်ဆိုင်းရခြင်း ကြောင့် ဂျပန်ကား တင်ရောင်းလေ့ရှိသည့် ကားအရောင်းစင်တာ အများစုရပ်ဆိုင်းသည်။ ‘‘ဂျပန်ကားအဟောင်း စင်တာတွေပါ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက မူဝါဒကြောင့် ဂျပန်ကားဟောင်း မရောင်းရလို့ ပိတ်သိမ်းကြတာပါ။ ကားဈေးကွက်ကို မထိခိုက်ပါဘူး’’ ဟု မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချ သူများ အသင်းအထွေထွေ အတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောသည်။

No comments:

Post a Comment