Pages

Sunday, May 12, 2019

ဖဲဗေဒင်လာမေးသူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်၍ ဗေဒင်ဆရာ သေဆုံး

သီပေါမြို့နယ်၌ မေလ ၁၀ ရက်က ဖဲဗေဒင်လာမေးသူနှစ်ဦးက ဗေဒင်ဆရာကို သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နမ့်လန်နယ်မြေရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောသည်။ ပြစ်မှုကျူးလွန်သူအမျိုးသား နှစ်ဦးကို စုံစမ်းနေပြီး ၎င်းတို့သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ အ ဖွဲ့ဝင်နှစ်ဦးဖြစ်သည်ကို ကနဦး စစ်ဆေးတွေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ သေဆုံးသူသည် သီပေါမြို့ နယ် နမ့်လန်ကျေးရွာနေ အသက် (၄၅)နှစ်ရှိ စိုင်းစိုးလှိုင်ဆိုသူဖြစ်ပြီး မေလ ၁ဝ ရက်ည ၈ နာရီခွဲတွင် နေအိမ်၌ရှိနေစဉ် အမည်မသိအ မျိုးသားနှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာကာ ဖဲဗေဒင်မေးမြန်းခဲ့ ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ သည်။



ထို့နောက် စိုင်းစိုးလှိုင်က ဗေဒင်ဟောပြီး နေအိမ်နောက် ဘက်သို့ထသွားစဉ် ဗေဒင်မေးသူ နှစ်ဦးအနက် တစ်ဦးက နောက်မှလိုက်သွားကာ သေနတ်အတို ဖြင့် လေးချက်ပစ်ခတ်ခြင်းကြောင့် စိုင်းစိုးလှိုင်သည် ၀ဲဘက်ပါးမှ ဦး ခေါင်းနောက်ဘက် ကျည်ဖောက် ၀င်ဒဏ်ရာ၊ ဆီးခုံတွင် ကျည် ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ သည်။ ၎င်းကို လားရှိုးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာ များဖြင့် သေဆုံးခဲ့သည်။

‘‘ဘယ်သူတွေဆိုတာ စစ် ဆေးနေတုန်းပါပဲ။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက လူတွေဆိုတာ တော့ ကနဦးသိရတယ်။ ငွေကြေး ကိစ္စတစ်ခုကြောင့် အခုလိုပစ် သတ်သွားတာလို့တော့ သိရ တယ်။ ကျန်တာ စုံစမ်းစစ်ဆေးနေ တုန်းပါပဲ။ သူတို့အချင်းချင်းက သိတဲ့သူတွေပဲဖြစ်နိုင်တယ်။ ဒါ ကြောင့် အိမ်ပေါ်တက်ပြီး လုပ်ကြံ သွားတာ’’ ဟု အထက်ပါရဲအရာ ရှိက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ် မှုကျူးလွန်သူနှစ်ဦးကို နမ့်လန် နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု၊အားပေးကူညီမှု) ဖြင့် အမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရမိရေး စုံ စမ်းနေသည်။

No comments:

Post a Comment