Pages

Sunday, May 26, 2019

မန္တလေး မဟာမုနိဘုရား ငါးကန်မှ အသားစားငါးများ ဖယ်ရှားမည်

Image may contain: sky, outdoor and waterမန္တလေး မဟာမုနိဘုရားရှိ ငါးကန် လိပ်ကန်တွေ သန့်ရှင်းတာနဲ့ အသားစားငါးတွေ ဖယ်ရှားတာကို အခုလအတွင်း စတင် ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဘုရားဖူးလာသူတွေ ကုသိုလ်ပြု ငါးလွှတ်မှုမှာ အသားစား ငါးခူးတွေ ပါဝင်နေတာကြောင့် ငါးကန်အတွင်း မထားတော့ဘဲ ဖယ်ရှားသွားမယ်လို့ မန္တလေးမဟာမုနိဘုရား ဂေါပက အဖွဲ့ဝင် ဦးသန်းလွင်က ပြောပါတယ်။


လိပ်ကန်၊ ငါးကန်၊ သန့်ရှင်းရေး လိုအပ်နေတဲ့အတွက် မေလနောက်ဆုံးအပတ်ကစတင်ပြီး သုံးပတ်ကြာ သန့်ရှင်းရေး ပြုလုပ်မယ်လို့ ဆိုပါတယ်။

အရင်က ငါးစာ၊ လိပ်စာတွေကို ပေါင်မုန့်ကျွေးတဲ့အတွက် ရေညစ်ညမ်းစေတာကြောင့် အခုအခါ ငါးစာတခုသာ ရောင်းချခွင့်ပြုထားပြီး ပေါင်မုန့်၊ ဆီကြော်မုန့်တွေ မရောင်းချဖို့ တားမြစ်ထားတယ်လို့ ဦးသန်းလွင်က ပြောပါတယ်။

မန္တလေး မဟာမုနိဘုရားရှိ ငါးကန်၊ လိပ်ကန် နှစ်ကန်ကို အရင်က နှစ်ကြိမ် သန့်ရှင်းရေး ပြုလုပ်ခဲ့ဖူးပြီး အခုတကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ငါးကန်၊ လိပ်ကန် သန့်ရှင်းရေးအတွက် နေ့စားသန့်ရှင်းရေးဝန်ထမ်းတဦးက နေ့စဉ် မနက် တကြိမ်၊ ညနေ တကြိမ် အမှိုက်ဆယ်ယူ သန့်ရှင်းရေး ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment