Pages

Sunday, May 26, 2019

ILO မှာ အလုပ်သမားအရေးဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဆွေးနွေးပွဲလုပ်

လာမယ့် ဇွန်လအတွင်း ဂျီနီဗာ မှာ ကျင်းပမယ့် အလုပ်သမားညီလာခံမှာ မြန်မာ့အရေးဆွေးနွေးတဲ့အခါ ဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ ဆွေးနွေးပွဲ ကျင်းပလိုက်ပါတယ်။ ဆွေးနွေးပွဲကို အမျိုးသားအဆင့် ကျင်းပတာဖြစ်ပြီး ဝန်ကြီးဌာန ၊ အလုပ်သမားကိုယ်စားလှယ် ၊ အလုပ်ရှင်တွေ ပါဝင်ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခံရတာတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးအဖြေရှာဖို့ လိုအပ်နေသလို ဒီလို ကိစ္စတွေကို တိုင်တန်းဖို့ လိုတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။



မြန်မာနိုင်ငံမှာ လုပ်သား အဓမ္မ စေခိုင်းခံရတာတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင် အလုပ်သမားအဖွဲ့အစည်း ကိုတိုင်ကြားမှုတွေရှိနေပြီး ဝန်ကြီးဌာနပိုင်းကလည်းဖြေရှင်းပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

လက်ရှိမှာတော့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းရမယ့်တိုင်ကြားမှုဟာ တစ်ရာကျော်ရှိနေပြီး ကလေးလုပ်သားကိစ္စ ၊ ကလေးစစ်သား ကိစ္စနဲ့ အလုပ်ချိန် ကျော်လွန် ခိုင်စေတာတွေက အများဆုံးလို့ သိရပါတယ်။

No comments:

Post a Comment