Pages

Wednesday, May 29, 2019

ကိုလံဘီယာနှင့် ပီရူးနိုင်ငံ အဆိုးဆုံး ရွှေ့ပြောင်းဒုက္ခသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

ကိုလံဘီယာနိုင်ငံနဲ့ ပီရူးနိုင်ငံဟာ ခေတ်သစ်သမိုင်းမှာ လက်တင်အမေရိကရဲ့ အဆိုးဆုံး ရွှေ့ပြောင်းဒုက္ခသည် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုလံဘီယာသမ္မတ အီဗန်ဒူသ်ကီက မေလ ၂၇ ရက်နေ့မှာ ပြောပါတယ်။ ကိုလံဘီယာသမ္မတ အီဗန်ဒူသ်ကီက ပီရူးနိုင်ငံ လီမာမြို့ကို တရားဝင်ခရီးစဉ်နဲ့ ရောက်လာချိန်မှာ အခုလို ပြောခဲ့တာပါ။ ဗင်နီဇွဲလားအစိုးရအနေနဲ့ ဒီမိုကရေစီစနစ်ဆီ ချောချောမွေ့မွေ့ ကူးပြောင်းဖို့ကိုလည်း သမ္မတ အီဗန်ဒူသ်ကီက တောင်းဆိုခဲ့ပါသေးတယ်။



ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးကပ်ဆိုက်ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်ခဲ့တဲ့ ၂၀၁၅ ကတည်းက ဗင်နီဇွဲလားနိုင်ငံသား ၃ ဒသမ ၇ သန်းဟာ ကိုလံဘီယာ အပါအဝင် တခြား အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားနိုင်ငံတွင်းမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် လူသေဆုံးမှုတွေနဲ့ ပဋိပက္ခတွေ အရှိန်မြင့်တက်ခဲ့ပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဗင်နီဇွဲလားနိုင်ငံကနေ ထွက်ပြေးလာတဲ့ သူတွေကို ခိုလှုံခွင့်ပေးကြဖို့နဲ့ နေရပ်ပြန်မပို့ကြဖို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့အပတ်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာသမ္မတ အီဗန်ဒူသ်ကီနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပီရူးသမ္မတ မာတင်ဗစ်ကာက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဗင်နီဇွဲလား ပြဿနာကို ဖြေရှင်းဖို့ ခုချိန်ထိ တာဝန်ပျက်ကွက်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment