Pages

Wednesday, May 29, 2019

"အိန္ဒိယ ဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကို သမ္မတ ဦးဝင်းမြင့်တက်ရောက်မယ်"

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းကျမ်းသစ္စာကျိန်ဆိုပွဲ ကို သမ္မတ ဦးဝင်းမြင့် တက်ရောက်မယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ BJP ပါတီ က အပြတ်အသတ် အနိုင်ရခဲ့ကာ မိုဒီဟာလည်း ဝန်ကြီးချုပ်တာဝန်ကို ဒုတိယ သက်တမ်းအထိ ဆက်လက် ထမ်းဆောင်ရွက်ဖို့ရွေးချယ်ခံခဲ့ရတာပါ။



ဒီလို ဒုတိယအကြိမ်ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာ နိုင်ငံရဲ့ သမ္မတ ဦးဝင်းမြင့်ကို တက်ရောက်ဖို့ မိုဒီက ဖိတ်ကြားထားတာလည်းဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲကို မနက်ဖြန် မေလ ၃၀ ရက်မှာကျင်းပမယ်လို့သိရပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ရဲ့ ရွေးကောက်ပွဲ အနိုင်ရတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ထားပါသေးတယ်။ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် ရဲ့သက်တမ်းဟာ ငါးနှစ်ဖြစ်ပြီး မိုဒီဟာ ၂၀၁၄ ခုနှစ်က စပြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တာပါ။

No comments:

Post a Comment