Pages

Sunday, May 19, 2019

ပြည်ပသို့ ချုပ်ထည်တင်ပို့မှုမှ ဒေါ်လာငါးဘီလီယံခန့်ရမည်ဟု ခန့်မှန်း

၂၀၁၉ အတွင်း ပြည်ပ သို့ ချုပ်ပြီးထည် တင်ပို့မှုမှ ဒေါ်လာ ငါးဘီလီယံခန့် ဝင်ငွေရရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြော ကြားသည်။ လုပ်သား ငါးသိန်းခန့်ဖြင့် လည်ပတ်နေသော အထည်ချုပ် ကဏ္ဍသည် ယခုနောက်ပိုင်း အ များဆုံး ပို့ကုန်ဖြစ်လာသည်။ ‘‘မြန်မာနိုင်ငံရဲ့ ပို့ကုန်တိုး တက်မှုမှာ အထည်ချုပ်တင်ပို့မှုက တိုးတက်မှုအများဆုံးပဲ’’ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။

ယခုဘဏ္ဍာနှစ် ရှစ်လအ တွင်း မြန်မာနိုင်ငံမှ ချုပ်ပြီး အထည်တင်ပို့မှုပမာဏ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံ ၏ ပို့ကုန်ပမာဏ  စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော် ရှိနေသည်။ ပြည်ပအထည်ချုပ်တင်ပို့မှု တန်ဖိုးသည် ၂၀၁၈ တွင် ဒေါ်လာ လေးဘီလီယံရရှိမည်ဟု ခန့်မှန်းသော်လည်း နှစ်ကုန်ချိန်၌ ၄ ဒသမ ၂ ဘီလီယံရရှိခဲ့သည်။ ၂၀၁၇ တွင် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံခန့် ရရှိခဲ့သည်။

၂၀၁၄ နောက်ပိုင်း တစ်နှစ် ပို့ကုန်ပမာဏ ၃၀ ရာခိုင်နှုန်းခန့် ပုံမှန်တိုးတက်သော အထည်ချုပ် လုပ်ငန်းများတွင် ယခုနောက်ပိုင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အ များဆုံး ဝင်ရောက်နေသည်။ ‘‘ဒီကို အများဆုံးလာနေတာ တရုတ်ပဲ’’ဟု ဦးမြင့်စိုးက ပြော သည်။ တစ်လလျှင် စက်ရုံသုံးရုံမှ လေးရုံအကြား တိုးတက်နေသည် ဟု ၎င်းက ဆိုသည်။ ထို့အပြင် ဥရောပသမဂ္ဂအ ဖွဲ့ဝင် နိုင်ငံအများစုက အထည် ချုပ်ပေးရန် အမှာများစွာ ရနေ သည်ဟု လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ကုန်သွယ်မှု အထူးအခွင့် အရေး (GSP)ကြောင့် သွင်းကုန် ခွန်ကင်းလွတ်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံ အနေဖြင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြိုက် အဝတ်အထည်များကို ထုတ်လုပ် ခွင့်ရပြီး အလုပ်အကိုင်အခွင့်အ လမ်းများ ပိုရလာသည်။

အထည်ချုပ်ကဏ္ဍရှိ လုပ် သားများက မိသားစုသို့ ပြန်လည် ထောက်ပံ့ငွေသည် တစ်လလျှင် ဒေါ်လာ ၃၂ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်းတာဝန်ရှိသူအချို့ က ပြောကြားသည်။

နှစ်စဉ်တိုးတက်နေသော အ ထည်ချုပ်ကဏ္ဍအတွက် GSP အခွင့်အရေးတားဆီးခံရမည့် အခြေအနေက လက်တလော သက် သာခွင့်ရထားသည်။ မြန်မာနိုင်ငံသို့ ပေးအပ်ထား သော ကုန်သွယ်မှုအထူးအခွင့်အ ရေး (EBA) ရုပ်သိမ်းရန် မဆုံးဖြတ်ဘဲ စောင့်ကြည့်ရေးမစ်ရှင်အဖွဲ့ ဆက်လက်ထားရှိရန် သဘော တူညီကြောင်း မေလ ၁၆ ရက် အစည်းအဝေးအပြီး ဥရောပသမဂ္ဂ က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment