Pages

Sunday, May 19, 2019

နယ်သာလန်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဒီလစ်ရရှိ

အေဂျက်ဇ်အသင်း ကို  ငါးနှစ်အတွင်း ပထမဆုံးနယ်သာလန်အမှတ်ပေးချန်ပီယံဖြစ်အောင် ဦးဆောင်ပြီးနောက် ၂၀၁၈-၁၉ နယ်သာလန် အမှတ် ပေးပြိုင်ပွဲ၏ တစ်နှစ်တာ အ ကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းဆောင် ဒီလစ်က ရရှိခဲ့သည်။ အသက် (၁၉) နှစ်အရွယ် နောက်တန်း  အလယ်လူသည် Dutch Golden Boot (ရွှေဖိနပ် ဆု) ချီးမြှင့်ခံရသော အသက်အငယ်ဆုံးကစားသမား ဖြစ်လာ သည်။  ပီအက်စ်ဗီတိုက်စစ်မှူးလပ်ခ်ဒီဂျောင်က ငွေဖိနပ်ဆု ဆွတ်ခူးပြီး အေဂျက်ဇ် တိုက်စစ်မှူး ဒူဆန်တာဒစ်က ကြေးဖိနပ်ဆု ဆွတ်ခူးသည်။ ရွှေဖိနပ်ဆုကို နယ်သာလန် သတင်းစာ De Telegraaf က ချီးမြှင့်ခြင်းဖြစ်ပြီး ယခင်ကဆုရရှိ သူများတွင် ဂျိုဟန်ခရိုက်ဖ်၊ ဖရန့်ရစ်ကတ်၊ ရော်နယ်ကိုးမန်း၊ ရိုမာရီယို၊ ရော်နယ်ဒီဘိုဝါးနှင့် လူးဝစ်ဆွာရက်ဇ်တို့ပါဝင်သည်။


‘‘ဒါက နာမည်ကြီးစာရင်း တစ်ခုဖြစ်ပြီး ဒီဆုကို ကျွန်တော်ရ ရှိခဲ့တယ်ဆိုတာက ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အားလုံးကို အောင်မြင်နိုင်ဖို့ နောက်ထပ်တွန်း အားပေးမှုတစ်ခုပါပဲ’’ ဟု ဒီလစ် က ပြောကြားသည်။ ‘‘ဒီဆုက သမိုင်းဝင်ဖြစ်လို့ကျွန်တော်ဂုဏ်ယူပါတယ်’’ ဟု ဒီလစ်က ဆက်လက်ပြောကြားသည်။ အေဂျက်ဇ် အသင်းခေါင်း ဆောင်သည် ယင်းဆုကို စက်တင် ဘာတွင်ကျင်းပမည့် အခမ်းအနား တစ်ခု၌ ရရှိမည်ဖြစ်ပြီး ၎င်းနှင့် အတူ အသင်းဖော်ဖရန်ကီဒီဂျောင် ကလည်း တစ်နှစ်တာအကောင်း ဆုံးပါရမီရှင်ဆု လက်ခံရယူမည် ဖြစ်သည်။

ဒီလစ်ဦးဆောင်သောအေ ဂျက်ဇ်အသင်းသည် ၂၀၁၈-၁၉ ရာသီတွင် ပြည်တွင်းဖလားနှစ် လုံးရယူခဲ့သလို ချန်ပီယံလိဂ် ဆီ မီးဖိုင်နယ်သို့လည်း ရောက်ရှိခဲ့ သည်။ ဒီလစ်ကို ဘာစီလိုနာနှင့် မန်ယူ အပါအဝင် အသင်းကြီးအများအပြားက စိတ်ဝင်စားခဲ့သည်။ ဒီလစ်သည် အနာဂတ်နှင့်ပတ်သက်၍ နယ်သာလန်နှင့် နေးရှင်းလိဂ်ပြိုင်ပွဲအပြီးတွင် ဆုံးဖြတ်မည်ဟု သတင်းများက ဖော်ပြသည်။

No comments:

Post a Comment