Pages

Sunday, May 19, 2019

လဟယ်မြို့နယ်တွင် တပ်မတော်နှင့် အိန္ဒိယ လက်နက်ကိုင်အဖွဲ့ NDFB ကြား တိုက်ပွဲဖြစ်ပွား

 မြန်မာ - အိန္ဒိယ နယ်စပ်လဟယ်မြို့နယ်တွင် တပ် မတော်နှင့် အိန္ဒိယလက်နက်ကိုင်  အဖွဲ့ ဘိုဒိုဒီမိုကရက်တစ်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (NDFB) အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် အတည်ပြုသည်။ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်   စဉ်နယ်ခြားမှတ်တိုင်(၁၄၉)၏ အ ရှေ့ဘက်သုံးမိုင်အကွာရှိ NDFB စခန်းတစ်ခုကိုတွေ့ရှိရာမှ မေလ ၁၇ ရက်နံနက်တွင် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း၎င်းကဆိုသည်။ တိုက်ပွဲ ဖြစ်စဉ်အတွင်းနှစ်ဖက်ထိခိုက်မှု မရှိဟုလည်း ပြောသည်။
‘‘NDFB ဆိုတဲ့ကသည်း သောင်းကျန်းသူအဖွဲ့နဲ့တော့ထိ တွေ့မှုလေးတွေရှိတယ်။ နယ်မြေ ရှင်းလင်းတဲ့အချိန်မှာပဲဖြစ်တာ ပါ။  သူကတော့ အဲဒီဘက်မှာ တော့ယခင်ကတည်းကတိုင် ကျွန် တော်တို့သိထားသလောက်က တော့ လက်နက်မဲ့ပဲဖြစ်ဖြစ်၊လက် နက်နဲ့ပဲဖြစ်ဖြစ်နယ်ခြားဒေသဆို  တော့ဟိုဘက်၊ ဒီဘက်ဝင်ထွက် နေ တာတော့အရင်ကတည်းက တိုင်ရှိခဲ့တယ်ဆိုတာသိတယ်။ အ ခုတော့ထိတွေ့မှုဖြစ်တာပေါ့။ သူ တို့စခန်းနေရာ ကျွန်တော်တို့တွေ့ ရှိတယ်၊ထိတွေ့မှုဖြစ်တယ်’’ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နာဂဒေသခံအချို့ကမူ တပ် မတော်နှင့် အိန္ဒိယသူပုန်တို့တိုက် ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ တပ်မ တော်နှင့် နာဂလက်နက်ကိုင်အ ဖွဲ့ (NSCN-K) အကြားတိုက် ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ကြား သိရကြောင်းပြောသည်။ အိန္ဒိယ သူပုန်အဖွဲ့အစည်း အချို့သည် နာဂလက်နက်ကိုင် အဖွဲ့ (NSCN-K) နှင့်မဟာမိတ်   ဆက်ဆံရေးတည်ဆောက်ထား သည်။

အစိုးရနှင့် တိုင်းဒေသကြီး   အဆင့် အပစ်ရပ်စဲရေးလုပ် ဆောင်ထားသည့် NSCN-K သည်သဘောတူညီချက်များကို  ချိုးဖောက်ပြီး အိန္ဒိနိုင်ငံအားဆန့် ကျင်သည့် အာသံနှင့်ကသည်း  လက်နက်ကိုင်တို့ကို လက်ခံခြင်း၊ သင်တန်းပေးခြင်းများ လုပ် ဆောင်သည်ဆိုကာ တပ်မ တော်က ယခုနှစ်ဇန်န၀ါရီလကုန် ကတည်းက NSCN-K အခြေပြု ရာတကားဒေသတွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့သည်။ NSCN-K ထိပ်ပိုင်းခေါင်း  ဆောင်များနှင့် အာသံ၊ ကသည်း  တပ်ဖွဲ့ဝင်များကို ဖမ်းဆီးပြီးစစ် ဆေးအရေးယူခြင်းများဆောင် ရွက်နေသည်။  တကားဒေသကို နယ်မြေရှင်းလင်းစဉ် လက်နက် များ၊ စခန်းများလည်းတပ်မတော်  စစ်ကြောင်းက သိမ်းဆည်းရမိ ကြောင်းတပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment