Pages

Wednesday, May 22, 2019

အဆိုတော်အစ္စဏီအပေါ် တရားစွဲဆိုထားသည့်အမှုများကို ကျေအေးရုပ်သိမ်းပေးရန်မရှိဟုတရားလို မော်ဒယ်စူးရှထက်ပြောကြား

Image may contain: 2 peopleအဆိုတော် အစ္စဏီအပေါ် တရားစွဲဆိုထားသည့်အမှုများကို ကျေအေးရုပ်သိမ်းပေးရန်မရှိဟု တရားလိုမော်ဒယ်စူးရှထက်က မေ ၂၀ ရက်ရုံးချိန်းအပြီးတွင် ပြောကြားသည်။ တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်သည့် အဆိုတော် အစ္စဏီအမှုမှ တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးပြီးသည့်နောက်တွင် တရားလိုဖြစ်သည့် မော်ဒယ်စူးရှထက်ကို မေ ၂၀ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် တရားလိုဖြစ်သည့် မော်ဒယ်စူးရှထက်အား စစ်ဆေးမှုပြီးဆုံးပြီဖြစ်ကြောင်း သိရသည်။


“ကျွန်မကို စစ်ဆေးတာပြီးသွားပါပြီ။ နောက်ရုံးချိန်းတွေမှာ အခြားသူတွေကို ဆက်လက်စစ်ဆေးသွားမှာပါ”မော်ဒယ်စူးရှထက်က ပြောကြားသည်။

အမှုနှင့်ပတ်သက်၍ ဂုဏ်သရေရှိ စာရေးဆရာမတစ်ယောက်၏ ကြားဝင်ပြောဆိုမှုကြောင့် အစ္စဏီအပေါ် စွဲဆိုထားမှုများကို ရုပ်သိမ်းပေးရန်အစီအစဉ်ရှိသော်လည်း အစ္စဏီ၏ ပြောရေးဆိုခွင့်ရှိသူက အင်တာဗျူး အချို့ တွင် သမီးရည်းစားပြဿနာဟု ပြောကြားမှုများရှိသည့်အတွက် တရားစွဲဆိုထားမှုအပေါ် ကျေအေးမပေးဘဲ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း မော်ဒယ်စူးရှထက်က ပြောကြားသည်။

“ပထမက ကျေအေးပေးဖို့ အစီအစဉ်ရှိတယ်။ အခုကျွန်မပြောချင်တာကဒီအမှုကို ကျေအေးပေးဖို့လုံးဝ ဆန္ဒမရှိပါဘူး။ အဆုံးထိလိုက်ပါမယ်” ဟု မော်ဒယ်စူးရှထက်က ပြောကြားသည်။

အမှုတွင်တရားလိုပြသက်သေအဖြစ် မှုခင်းဆရာဝန်တစ်ဦး၊ ရှာဖွေသက်သေတစ်ဦးတို့ကို စစ်ဆေးပြီးစီးထားကြောင်း သိရသည်။

“အန်တီမှာ ချစ်ခြင်းမုန်းခြင်း မရှိဘူး။ အခု အန်တီသားခံနေရတာ အတိတ် က ဝဋ်ကြွေးကြောင့် ခံနေရတာ။ အဲဒီလိုပဲယူဆတယ်။ အချိန်တန် အဆင်ပြေသွားမယ်။ အန်တီ့ရင်ခွင်ထဲပြန်ရောက်လာမယ်။ အဲဒီရက်ကို အန်တီမျှော်နေတယ်။ သူ့မှာလည်း အဖိုးအဖွား ၈၀ ကျော်တွေရှိတာ သူတို့ လည်း မျှော်နေတယ်” အစ္စဏီ၏ မိခင်က ဆိုသည်။

တရားစွဲဆိုထားသည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သည့် အဆိုတော် အစ္စဏီအမှု မှန်မှန်နှင့်မြန်မြန်ဆန်ဆန်ပြီးဆုံးစေချင်ဟု အစ္စဏီရှေ့နေက ပြောကြားထားသည်။

အဆိုတော်အစ္စဏီကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တရားရုံး တွဲဖက်မြို့ နယ်တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် ၂၀၁၈ ခုနှစ် မေ ၁၀ ရက်က တရားစွဲဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment