Pages

Wednesday, May 8, 2019

လေကြောင်းလူငယ် တန်းမြင့်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ Grob-120 TP အမောင်းသင် လေယာဉ်ဖြင့် လိုက်ပါစီးနင်း လေ့လာ

Image may contain: 2 people, people sitting, airplane and outdoorImage may contain: airplaneလေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)မှ သင်တန်းသား၊ သင်တန်းသူများအား လေတပ်စခန်း ဌာနချုပ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်၌ လေ့ကျင့် သင်ကြားပေးလျက်ရှိသော လေကြောင်းလူငယ် တန်းမြင့်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၄ဝ ဦးကို လေယာဉ်ပျံသန်းမှု အတွေ့အကြုံ ရရှိစေရန် Grob-120 TP အမောင်းသင်လေယာဉ်ဖြင့် လိုက်ပါစီးနင်း လေ့လာမှုများ ပြုလုပ်ပေးသည်။


ဦးစွာ သင်တန်းသား၊ သင်တန်းသူများအား ပျံသန်းလိုက်ပါ စီးနင်းရာတွင် လိုက်နာရမည့် အချက်များကို သင်ကြားပို့ချပေးပြီးကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။ထို့နောက် လေယာဉ်မောင်းနည်းပြများနှင့် တာဝန်ခံ အရာရှိများ၏ ဦးဆောင်မှုဖြင့် သင်တန်းသား၊ သင်တန်းသူများအား Grob-120 TP အမောင်းသင်လေယာဉ်ဖြင့် လိုက်ပါစီးနင်းစေပြီး လေသူရဲများက လေကြောင်းဆိုင်ရာ အတွေ့အကြုံများနှင့် ပျံသန်းမှုများကို လေယာဉ်ပေါ် ၌ ရှင်းလင်းပြသပေးသည်။

လေကြောင်းလူငယ် သင်တန်းများကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်၊လူရွယ်များ လေကြောင်းသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံ ပညာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် ပတ်သက်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များတွင် အထောက်အကူပြုစေရန်နှင့် စိတ်ဓာတ်၊စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်ရေး ကောင်းမွန်မြင့်မားပြီး စည်းလုံး ညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့် ရရှိစေရန်အတွက် လူငယ်များ ဝါသနာပါရာ လေ့ကျင့်မှုတစ်ရပ် အနေဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပြီး လေကြောင်းလူငယ် အခြေခံသင်တန်းများကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment